တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် မတရားဖမ်းဆီးခံထားရသော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်၊ နိုင်ငံရေးအကျဥ်းသားအားလုံး ပြန်လည်လွတ်မြောက်ရေး ဒယ်ဂူဘုန်းဘုန်းနှင့် သံဃာတော်များဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် စစ်အာဏာအသိမ်းခံရပြီး စစ်အုပ်စု၏ မတရားသတ်ဖျက်ခြင်းခံရသော ပြည်သူရှေ့က မားမားမတ်မတ်ရပ်တည်ကာ အသက်ပေးသွားရသော အာဇာနည်းများ ကောင်းမြတ်သော ဘုံဘဝ၊ ချမ်းသာသော ဘုံဘဝများရောက်ရှိပါစေကြောင်း ဆုတောင်းခဲ့ကြကြောင်း သိရှိရသည်။



