31.8 C
Yangon

ကြို့ပင်ကောက်၊ ဒေါင်းလေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ၊ မြေပြင်တွင် စစ်တပ် စစ်ကြောင်းက ကျေးရွာများကို ဆက်တိုက် မီးရှို့နေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၇

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဒေါင်းလေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၆ ရက်နေ့ ည ၁၀ နာရီ ၁၂ မိနစ်ခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ ဒေါင်းလေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲတိုက်ခိုက်မှုအတွင်း ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရပြီး နွား ၁ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။

“မနေ့က ည ၁၀ နာရီ ၁၃ မိနစ်လောက်မှာ စစ်ခွေးတွေက ဂျက်ဖိုက်တာနဲ့ ဒေါင်းလေးရွာကို ဗုံးကျဲသွားတာ တိုက်ပွဲဖြစ်ပွားတာမရှိပါဘူး။ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နွား ၁ ကောင်လည်း သေဆုံးတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ကြို့ပင်ကောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးမီးရှို့နေသည့် အကြမ်းဖက် စစ်တပ်ကလည်း ကျေးရွာများကို ဆက်တိုက် ဝင်ရောက် စီးနင်းနေ၍ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၅ ရက်နေ့မှ စတင်ပြီး ကြို့ပင်ကောက်မြို့နယ် အလယ်ကုန်းတိုက်နယ်ရဲစခန်းမှ ထွက်လာသော အင်အား ၁၈၀ ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများကို ဆက်တိုက်ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုစစ်တပ်စစ်ကြောင်းသည် ရေငံရွာနှင့် ဆင်ကူးရွာတို့ကို မီးရှို့ဖျက်ဆီးထားပြီး လက်ရှိချိန်တွင် ဖလံပင်ရွာသစ်ရွာဘက်ကို ရောက်ရှိနေကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ရေငံရွာ၊ ဆင်ကူးရွာနှင့် ဖလံပင်ရွာသစ်ရွာမှ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ကြို့ပင်ကောက် အလယ်ကုန်း တိုက်နယ် ရဲစခန်းကနေ စစ်ကြောင်းထိုးလာတဲ့ အင်းအား ၁၈၀ လောက်ပါတဲ့ စစ်ခွေး စစ်ကြောင်းက ရေငံရွာနဲ့ ဆင်ကူးရွာတို့ကို မီးရှို့ပြီး ဖလံပင်ရွာသစ် ရွာကို ရောက်ရှိနေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article