31.8 C
Yangon

အနောက်မြောက်တိုင်း စစ်ဌာနချုပ်ထဲကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၅ ဦး အပါအဝင် ၁၂ ဦး သေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျ ပျက်စီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၇

မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ထဲကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၅ ဦး အပါအဝင် ၁၂ ဦး သေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျ ပျက်စီးခဲ့ကြောင်း Chindwin Rocket Brother(CRB)မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂ ရက်နေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အတွင်းကို တော်လှန်ရေး တပ်ဖွဲ့များက ၉ ကြိမ်မြောက်အဖြစ် Rocket ၁၀ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း စစ်တိုင်းရုံးမှ အရာရှိ ၅ ဦး ၊ ရိက္ခာဂိုထောင်စောင့်စစ်သား ၂ ဦးနှင့် တပ်မိသားစုဝင် ၅ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် တပ်တွင်း မိသားစု ၅ ဦးလည်း ထိခိုက် ဒဏ်ရာရရှိပြီး ဒဏ်ရာရရှိသူများကို တဆ(ခွဲ) ၄/၃၀၀ တပ်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ထားကြောင်း သိရှိရသည်။

ထို့ပြင် နမခ စစ်တိုင်းရုံးအတွင်းရှိ ရိက္ခာဂိုဒေါင် ၂ လုံးလည်း ပြိုကျပျက်စီးခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အတွင်းကို ၉ ကြိမ်မြောက်အဖြစ် Rocket ၁၀ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး အရာရှိ ၅ ကောင်အပါအဝင် တပ်မိသားစုဝင်တွေကော စုစုပေါင်း ၁၂ ကောင် သေဆုံးတယ်။ ပြည်သူလူထုအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ကူညီထောက်ပံ့ပေးဖို့အတွက် ပဲပြောချင်ပါတယ်” ဟု Chindwin Rocket Brother(CRB)မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ချင်းတွင်းရောကတ်ညီနောင် ( Chindwin Rocket Brother – C.R.B) ဦးဆောင်၍ မဟာမိတ်အဖွဲ့များ ဖြစ်သော ချိုမိုင်မိုင် (ကနီ)၊ Chindwin Brother၊ Budalin Defense Force၊Bandula Defense Force၊ Federal Democratic Force၊Burmer Army ၊ မုံရွာခရိုင်တပ်ရင်း(14)ဗိုလ်လက်ကောက် နှင့် ယင်းမာပင်ခရိုင် အမှတ်(၉)တပ်ရင်းနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article