ကချင်ပြည်နယ် ဖားကန့်မြို့တွင် ပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုနှင့် ဒေါ်အောင်ဆန်းစုကြည်နှင် တစ်ကွ နိုင်ငံရေးအကျဥ်းသားများ အားလုံး ကျန်းမာစွာဖြင့် အမြန်ဆုံး လွတ်မြောက်လာကြစေရန် ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဖားကန့်ပြည်သူများက ကျဆုံးရဲဘော်များကို ဦးညွှတ်အလေးပြုခြင်း၊ဒေါ်အောင်ဆန်းစုကြည်နှင် တစ်ကွ နိုင်ငံရေးအကျဥ်းသားများ အားလုံး ကျန်းမာစွာဖြင့် အမြနါဆုံး လွတ်မြောက်လာကြစေရန် ဆုတောင်းခြင်း၊အတုအယောင် ရွေးကောက်ပွဲကို မြန်မာနိုင်ငံသားတိုင်း ပြတ်ပြတ်သားသား ဆန့်ကျင် တိုက်ဖျက်ကြဖို့ နှိုးဆော်ခြင်း၊ နိုင်ငံ့အရေးတွင် နိုင်ငံသားတိုင်း ဆက်လက်ပါဝင် အားထည့် ချီတက်ကြရန်အကြံပြု နှိုးဆော်ခြင်း ၊ လူထုဆန္ဒနှင့် အညီအဓမ္မများ ကျဆုံး ပျောက်ကွယ်ပြီး ဓမ္မ အမှန်တရားသည်သာ ထာဝရ တည်ပါစေရန် ဆုတောင်းကြခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။


