28.9 C
Yangon

ရှမ်းပြည် မြောက်ပိုင်း မိုင်းငေါ့မြို့တွင်စစ်တပ်၏ ထိုးစစ်နှင့်လမ်းများ ပိတ်ထား၍ စားသာက်ကုန်နှင့် ဓာတ်ဆီများ ပြတ်လပ်နေ၊ ပြည်သူများ စစ်ဘေးရှောင်ရန်ပင် ခက်ခဲနေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၂

ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့တွင် အကြမ်းဖက် စစ်တပ်၏ ထိုးစစ်ကို ကြောက်၍ ပြည်သူများ မြို့ထဲတွင် မအိပ်ရဲဘဲ မြို့ပြင်တွင် ထွက်အိပ်နေရသည့်အပြင် လမ်းများ ပိတ်ဆို့ထားသဖြင့် စားသာက်ကုန်နှင့် ဓာတ်ဆီများလည်း ပြတ်လပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲချမည်ကို ပြည်သူများ စိုးရိမ်ထိတ်လန့်လျက်ရှိပြီး စစ်ရှောင်ပြေးရန်မှာလည်း လမ်းများ ပိတ်လျက်ရှိ၍ နီးစပ်ရာ ကျေးရွာများတွင်သာ ပြေးနေရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“လေယာဉ်လာမှာကြောက်လို့ ညဆိုလည်း မြို့ထဲ မအိပ်ရဲဘူး မြို့ပြင်ထွက်အိပ်နေရတယ်ဗျ။ လမ်းတွေလည်း ပိတ်ထားတော့ စားသောက် ကုန်တွေလည်း ပြတ်နေပြီဗျ။ ဓာတ်ဆီဆိုလည်း အခုဆို မြို့ထဲမှာ ပြတ်လပ်နေပြီ စျေးကြီးပေးဝယ်နေရတယ်ဗျ”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မိုင်းငေါ့မြို့တွင် ဓာတ်ဆီဈေးနှုန်းမှုမူ ၁၉ လီတာတစ်ပုံးလျှင် ၁၃၀,၀၀၀ ကျပ်ဝန်းကျင်ခန့် ပေးနေရကာ အချို့နေရာ များတွင် ကျပ်တစ်သိန်းခွဲအထိ ပေးရကြောင်း၊ လမ်းပိတ်ဆို့မှုကြောင့် အခြေခံစားသောက်ကုန်များလည်း ပြတ်လပ်နေကြောင်း၊ ခရမ်းချဉ်သီး တစ်ပိဿာ ယခင်က ကျပ် ၃၅၀၀ ဝန်းကျင်မှ ယခုအခါ ကျပ် ၈၀၀၀ ဝန်းကျင် ပေးနေရကြောင် ဒေသပြည်သူများ အခက်တွေ့နေရကြောင်း သိရှိရသည်။

“လိုင်းတွေလည်း ပိတ်ထားခံရတော့ အဆက်သွယ်လည်း လုပ်လို့မရဘူးဗျ။ဟိုတစ်ခါ ဗုံးကျဲပြီးတော့ မြို့ထဲလူတွေ ပိုပြီးခြောက်ကပ်ကုန်တယ်ဗျ။ ဖြစ်နိုင်ရင်တော့ လမ်းလေးတော့ ပွင့်စေချင်တယ်ဗျ”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မိုင်းငေါ့ -ကျောက်မဲ လမ်းပိုင်း ပိတ်ဆို့ထားသည့်အတွက် ပြည်သူများ စစ်ရှောင်ရန်အတွက် နမ့်ဆန်ဘက်မှ ပတ်၍ လားရှိုးဘက်သို့ သွားရကြောင်း၊ သို့ရာတွင် လမ်းခရီးမှာ အင်မတန်ဝေးလွန်း၍ စစ်ရှောင်ရန်ပင် ခက်တွေ့နေရကြောင်း ဒေသပြည်သူများ ထံမှ သိရှိရသည်။

ဓာတ်ပုံ- ရှမ်းပြည်မြောက်ပိုင်းတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ၏ နေအိမ်များ ပျက်စီးနေစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article