တောင်ကိုရီးယားနိုင်ငံ အူဆန်မြို့တွင် နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရှိရသည်။
ဆွေးနွေးပွဲတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးလှိုင်ဝင်း၏ ယူကေ ကိုရီးယားခရီစဥ်ရောက်ခိုက်တော်လှန်ရေးတက်ကြွလှုပ်ရှားသူ ကိုဇော်မိုးအောင်၊ စာရေးဆရာမ မရွှေမိုး(ကိုရီးယား)တော်လှန်ရေးတက်ကြွလှုပ်ရှားသူအင်အားစုများတွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ နွေးဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူဒယ်ဂူးဘုန်းဘုန်းကလည်း “ကိုယ့်အလုပ်ကို တစိုက်မတ်မတ်လုပ်ခြင်းအားဖြင့် စစ်အာဏာရှင်စနစ်ဆိုး ကျဆုံးသည့်အထိ ဆက်လက်ပါဝင်ကြရန်” ပြည်တွင်း ပြည်ပရှိ မြန်မာနိုင်ငံသူနိုင်ငံသားတို့ကို တိုက်တွန်းစကားဆို၍ တွေ့ဆုံဆွေးနွေးပွဲရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။


