32 C
Yangon

မိုးကုတ်မြို့ ဘုရားငါးဆူအနီးဝန်းကျင် စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူများ ထိခိုက်သေဆုံးမှုရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၁

မန္တလေးတိုင်း၊ မိုးကုတ်မြို့ ဘုရားငါးဆူအနီးဝန်းကျင်သို့ အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က မိုးကုတ်မြို့ ဘုရားငါးဆူ အနီးကို လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်သွားကြောင်း သိရသည်။

ထို လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ အဆောက်အဦးများ ထိခိုက်ပျက်စီးမှုများ ရှိကြောင်း သိရှိရသည်။

“မိုးကုတ်မြို့ ဘုရားငါးဆူအနီးကို စစ်ခွေးတွေက လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ ပြည်သူတွေထိခိုက် သေဆုံးမှုရှိတယ်လို့တော့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က မိုးကုတ်မြို့နယ် အေနာက်ခြမ်း၊ ရေအေးကျေးရွာရှိ မွေးမြူရေးကြက်ခြံကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ကြက်ခြံများ ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article