30 C
Yangon

ဆောမြို့ပေါ်တွင် လာရောက်နေထိုင်သည့် အလင်းဝင် ရဲတပ်သား ၂ ဦးက အသက် ၆၂ နှစ်အရွယ်အဘွားအို ၁ ဦးကို သတ်ဖြတ်ပြီး လက်ဝတ်ရတနာများကို လုယက် ထွက်ပြေး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၁

မကွေးတိုင်း၊ ဆောမြို့ပေါ်တွင် လာရောက်နေထိုင်သည့် အ လင်းဝင် ရဲတပ်သား ၂ ဦးက အသက် ၆၂ နှစ်အရွယ် အဘွားအို ၁ ဦးကို သတ်ဖြတ်ပြီး လက်ဝတ်ရတနာများကို လုယက်သွားကြောင်း ယောအလင်းတန်းမှ ကိုအောင်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်အချိန် ဆောမြို့နယ်၊ ဇေယျာရပ်ကွက် ရဲစခန်း အနီး စစ်ဘေးရှောင်နေသော အသက် ၆၂ နှစ်အရွယ် ဒေါ်ရှိန်းခေါဝါက ထင်းရှာရန် ထွက်သွားရာမှ ပျောက်ဆုံးသွားခဲ့ ကြောင်း၊ ထို့ကြောင့် ရပ်ကွက်နေပြည်သူများက လိုက်လံရှာဖွေရာ အောက်တိုဘာလ ၁၉ ရက် မွန်း လွဲ ၁ နာရီ ၃၀ မိနစ်အချိန် ဥယျာဉ်တောအတွင်း ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

အဘွားအိုး၏ အလောင်းကို စစ်ဆေးရာ ၎င်းအမြဲတမ်းဝတ်ဆင်ထားသည့် ၁ ကျပ်သားခန့် ရွှေဆွဲကြိုး တစ်ကုံး၊ ၁ မတ် သားခန့် လက်စွပ် ၁ ကွင်း၊ နားကပ် ၁ ရံတို့နှင့် ဘေးလွယ်အိတ်၁ လုံးတို့ ပျောက်ဆုံးနေကြောင်း၊ အဘွားအိုနေအိမ်သို့ မကြာခဏဝင်ထွက်လေ့ရှိသူများမှာ အလင်းဝင်ရဲတပ်သား ၂ ဦးဖြစ်သည့် ချစ်ရင်ထူးနှင့် ဖိုးဆေးတို့ဖြစ်ပြီး အဆိုပါ အလင်းဝင် ရဲတပ်သား ၂ ဦးမှာလည်း တိမ်းရှောင်နေကြောင်း သိရှိရသည်။

ထို့ကြောင့် အဆိုပါ အလင်းဝင် ရဲ ၂ ဦးနှင့် အချိတ်အဆက်ရှိသူ အ လင်းဝင်စစ်သား အသက် ၂၁ နှစ်အရွယ် ဝဏ္ဏကျော်ကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

“လက်ရှိစစ်ဆေးနေတာက အလင်းဝင် စစ်သားပေါ့၊ အဖွားကြီးရဲ့တောထဲမှာ အလင်းဝင်ရဲ တပ်သား ချစ်ရင်ထူးကနေဖို့ခေါ်ထားတဲ့ သူ ပါ။ အတူတူနေကြတာတော့ မဟုတ်ဘူး။ ရခိုင်ပြည်နယ်မှာ အလင်းဝင်ပြီး ဆောမြို့နယ်ထဲ ရောက် လာတာကတော့ အတူတူပေါ့၊ နေကြတာက အတည်တကျနေကြတာမျိုးမရှိဘူး။ အဓိက တရားခံ နှစ်ယောက်က ချစ်ရင်ထူးနဲ့ ဖိုးအေးပါ။ လက်ရှိဖမ်းထားတာက ချစ်ရင်ထူးအကူအညီနဲ့ ရောက်လာ တဲ့သူပါ။ လက်ဝတ်ရတနာပစ္စည်းတွေက ချစ်ရင်ထူးနဲ့ ဖိုးအေးဆီပါသွားတာဖြစ်နိုင်တယ်။” ဟု ယော အလင်းတန်းမှ ကိုအောင်ကြီးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

လက်ရှိဖမ်းဆီးစစ်ဆေးနေသူ ဝဏ္ဏကျော်သည် ရန်ကုန်တိုင်း ၊ ရွှေပြည်သာမြို့နယ် ဇာတိဖြစ်ပြီး ရခိုင် ပြည်နယ်စစ်ဆင်ရေးအတွင်း အလင်းဝင်ရောက်ခဲ့သည့် စစ်သား ၁ ဦးဖြစ်ကြောင်း၊ အလင်းဝင်ရဲတပ်သား ချစ်ရင်ထူးထံလာ ရောက်နေထိုင်သူဖြစ် ကြောင်း၊ အသက် ၂၅ နှစ်အရွယ် ချစ်ရင်ထူးသည်လည်း ရန်ကုန်တိုင်း၊ ထန်းတ ပင်မြို့နယ် ဇာတိဖြစ်ပြီး အသက် ၂၆ နှစ်အရွယ် ဖိုးအေးသည် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ဇာတိဖြစ်ကြောင်း သိရှိရသည်။

အဘွားအို အသတ်ခံရမှုအတွက် NUG အစိုးရ၊ ဆောမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က စစ်ဆေးနေခြင်း ဖြစ်ပြီး လူသတ်ကာ လက်ဝတ်ရတနာများ ယူဆောင်သွားသည့် ချစ်ရင်းထူးနှင့်ဖိုးအေးတို့ကို တွေ့ရှိ ပါက ဆက်သွယ်ပေးကြပါရန် အသိပေးမေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article