စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင်အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ရာ PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။
ယနေ့ အောက်တိုဘာလ ၂၅ ရက် နံနက် ၉ နာရီ ၃၇ မိနစ်တွင် တစ်ကြိမ်၊ နံနက် ၁၀ နာရီ ၁၀ မိနစ် တွင် တစ်ကြိမ်နှင့် နံနက် ၁၀ နာရီ ၁၁ မိနစ်တွင် တစ်ကြိမ် ရွှေဘိုမြို့နယ် အနောက်ခြမ်းရှိ ညောင်ပင် သာကျေးရွာကို မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော Gyrocopter ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ယနေ့အောက်တိုဘာလ ၂၅ ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်က ရွှေဘိုမြို့နယ်၊ သပြေရင်း ကျေးရွာကို မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော Gyrocopter ၂ စီးဖြင့် ထပ်မံ၍ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရ သည်။
“ညောင်ပင်သာရွာမှာကတော့ ထိခိုက်မှုမရှိပါဘူး။ သပြေရင်းရွာမှာက ရဲဘော်တစ်ဦး ကျပါတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အလားတူ ယနေ့အောက်တိုဘာလ ၂၅ ရက် မွန်းလွဲ ၁ နာရီ ၄၇ မိနစ်ကလည်း တန့်ဆည်မြို့နယ် တနေရာကို မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ တက်လောသော ဂျိုင်းရိုကော် ပတာ (Gyrocopter) ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့အတူ မကွေးတိုင်း ထီးလင်းမြို့နယ် အရှေ့ခြမ်းတစ်နေရာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
အောက်တိုဘာလ ၂၄ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၀မိနစ်ခန့်အချိန် တံတားဦးလေတပ်မှ တက်လာသော တိုက်လေယာဉ် ၁စီးဖြင့် ယောဒေသထီးလင်းမြို့နယ် အရှေ့ခြမ်းတစ်နေရာသို့ အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘူး။ နေအိမ်ပျက်စီးတာမျိုးလည်း မရှိဘူး။ ဆွဲလွဲရွာမြောက်ဘက် သရက်တောထဲရပ်ထားတဲ့ကား၂စီးပစ်တာပါ။ အဲနားပဲကျတာပါ။ ပျက်စီးမှုတော့မရှိဘူး”ဟု ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ပြောဆိုသည်။
ဇွန် ၁၆ ရက်နေ့ကလည်း ထီးလင်းမြို့နယ် အရှေ့တောင်ခြမ်း ပုံတောင် တောင်ပေါ် တစ်နေရာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်ကောင် စီ၏ တံတားဦးလေတပ်မှ တက်လာ သော ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးသီး ၁ လုံးကျဲချတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးအခြေအနေ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။




