30 C
Yangon

မြ၀တီမြို့၊ KK Park မှ မဲဆောက်မြို့သို့ ထွက်ပြေးလာသူ နိုင်ငံခြားသားအရေအတွက် ၁၂၃၃ ဦး အထိ​ ရောက်ရှိနေပြီး ထွက်ပြေးသူများ တိုးလာနေဆဲ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၅

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ KK Park မှ ထိုင်းနိုင်ငံ။ မဲဆောက်မြို့သို့ ထွက်ပြေးလာသူ နိုင်ငံခြားသားအရေအတွက် ၁၂၃၃ ဦးအထိ ရှိလာကြောင်း ထိုင်သတင်းဌာနများက သတင်းဖော်ပြသည်။

အောက်တိုဘာလ ၂၂ ရက်နေ့မှစတင်၍ BGF က KK Park မှ ကျားဖြန့်လုပ်ကိုင်သူများကို စတင်နှင်လွှတ်ခြင်း၊ ခေါ်ထုတ်ခြင်းများ လုပ်ဆောင်ခဲ့ပြီးနောက် ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်အခြမ်းသို့ ရာနှင့်ချီသော နိုင်ငံခြားသားများ ထွက်ပြေးကြကြောင်း၊ ယခုအခါ မဲဆောက်မြို့တွင် KK Park မှ ထွက်ပြေးလာသော နိုင်ငံခြားသား အရေအတွက် ၁၂၃၃ ဦးအထိရှိလာကြောင်း၊ လက်ရှိအချိန်တွင် ကျားဖြန့်လုပ်ကိုင်နေသူများသည် မြန်မာနိုင်ငံတွင်းမှ ထိုင်းနိုင်ငံဘက်သို့ ဆက်လက်၍ ထွက်ပြေးမှုများရှိနေဆဲဖြစ်ပြီး KK Park အတွင်းတွင်လည်း ပေါက်ကွဲမှုများဖြစ်ပေါ်နေကြောင်း သိရှိရသည်။

မြဝတီမြို့ မြောက်ဘက်ရှိ KK Park ကို အကြမ်းဖက်စစ်တပ်က ဝင်ရောက် စီးနင်းရန်ရှိနေသည်ဆိုသော သတင်းများကြောင့် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသူများ မြဝတီမြို့တွင်းနှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း မြဝတီမြို့ခံများက ပြောကြားသည်။

KK Park ဝင်းထဲတွင် အောက်တိုဘာလ ၂၃ ရက်နေ့ ညနေပိုင်းမှ စ၍ ပေါက်ကွဲများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုများနှင် ပတ်သက်၍ BGF အဖွဲ့က ဖောက်ခွဲခဲ့ခြင်းဖြစ်ကြော်ငး ထိုင်း သတင်းဌာနများတွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article