30 C
Yangon

ပုလောနှင့် ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၅

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပုလောမြို့နယ်၊ မ‌ဇောကျေးရွာအတွင်းကို ဇဝဲအခြေစိုက် အကြမ်းဖက် စစ်တပ်၏ ၅၅၆ တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ပြီး ကလေးငယ် ၁ ဦးအပါဝင် ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ‌နေအိမ် ၁ လုံးလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အလားတူ အေက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဇရပ်ကြီးတွင် အခြေစိုက်ထားသော အကြမ်းဖက် စစ်တပ်၏ ခမရ-၅၉၈ တပ်ရင်းက ၈၁ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်သော လက်နက်ကြီးကျည်သည် ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာအုပ်စု ဝင်းကံရွာဘေးကို ကျရောက်ပေါက်ကွဲခဲ့ပြီး ဝင်းကံရွာတွင် နေထိုင်သော အသက် ၆၂ နှစ်အရွယ် ဒေါ်မက်ကီ လက်နက်ကြီးကျည်စ ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရ သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article