30 C
Yangon

ဒီပဲယင်းမြို့နယ်၊ ဗုဒ္ဓမ်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၅

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဗုဒ္ဓမ်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း ကောင်းကင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၅ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ဒီပဲယင်းမြို့နယ်၊ ဗုဒ္ဓမ်းရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၂ ကြိမ် ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရကြောင်း၊ ထို့ပြင် ကျေးရွာအတွင်းရှိ နေအိမ်များလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ ဗုံးကျဲသွားတာက ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရတယ်။ ဒဏ်ရာအခြေအနေကတော့ မစိုးရိမ်ရပါဘူး။ နေအိမ်တွေလည်း ပျက်စီးသွားတယ်” ဟု ကောင်းကင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

ဩဂုတ်လ ၁၈ ရက်နေ့ကလည်း ဒီပဲယင်းမြို့နယ် တောင်ခြမ်း မူးကမ်းကြီးကျေးရွာ ရွာအနောက်မြောက်ပိုင်း မိုးကောင်းဘုန်းကြီးကျောင်းအတွင်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ရာ သံယာတော် ၁ ပါး အပါအဝင် ပြည်သူ ၅ ဦးသေဆုံးကြောင်း၊ ဘုန်းကြီးကျောင်း ဓမ္မာရုံ ဆွမ်းစားကျောင်း အဆောက်အအုံ ၃လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article