30 C
Yangon

လောင်းလုံးတွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အထိနာပြီး စစ်ဘေးရှောင်ပြည်သူများကို လိုက်လံ ဖမ်းဆီးမှု ပြည်သူ ၃၀ ကျော် ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၅

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က အထိနာပြီး စစ်ဘေးရှောင်ပြည်သူများကို လိုက်လံ ဖမ်းဆီးမှု ပြည်သူ ၃၀ ကျော် ဖမ်းဆီးခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောပေါ်၌ လိုက်ပါလာသော အင်အား ၁၀၀ ကျော်ပါ စစ်တပ် စစ်ကြောင်းသည် လောင်းလုံးမြို့နယ်၊ ကရင်ကြီးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာခဲ့သောကြောင့် စစ်သင်္ဘောနှင့် ခလရ ၁၀၄ တပ်ရင်းမှ စစ်သားများက လက်နက်ကြီးများဖြင့် ကျေးရွာများကို ရမ်းသမ်း ပစ်ခတ်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ကရင်ကြီးရွာမှ ကမ်းပနီကျေးရွာကို ထပ်မံ စစ်ကြောင်းထိုးလာ၍ တော်လှန်ရေး တပ်ဖွဲ့များနှင့် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုများပြားပြီး အထိနာခဲ့သောကြောင့် စစ်ကြောင်းက ကျေးရွာများကို ဝင်ရောက် စီးနင်းပြီး မပြုလုပ်တော့ဘဲ တောတောင်များအတွင်းမှ သွားလာနေစဉ် စစ်ဘေးတိမ်းရှောင်နေသည့် ပြည်သူ ၃၀ ကျော်ကို တွေ့ရှိကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ရွာထဲဝင်ရင် တိုက်ပွဲဖြစ်နေလို့ အဲကောင်တွေက ရွာတွေထဲကို မဝင်ဘဲ တောတောင်တွေထဲက ရှောင်ပြီး သွားလာနေတဲ့ အချိန်မှာ စစ်ဘေးရှောင်ပြည်သူ ၃၀ ကျော်ကို တွေ့သွားပြီး ဖမ်းဆီးသွားတာ ပြည်သူတွေကို မနေ့ကတော့ ပြန်လွှတ်လိုက်တယ်လို့ ပြောပေးမယ့် အတည်တော့မပြုနိုင်သေးဘူး။ စစ်ခွေးစစ်ကြောင်းက လက်ရှိချိန်ထိ တောတောင်တွေထဲမှာရှိနေသေးတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကရင်ကြီးရွာ၊ ကမ်းပနီရွာမှ ပြည်သူများ အပါအဝင် ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article