34 C
Yangon

အုတ်ဖိုမြို့နယ်တွင် ကြံ့ဖွတ်ပါတီကို မဲပေးကြရန် ဖိအားပေး လုပ်ဆောင်နေသော ကျေးရွာအုပ်ချုပ်ရေးမှူး အေးသောင် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၆

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ကြံ့ဖွတ်ပါတီကို မဲပေးကြရန် ဖိအားပေး လုပ် ဆောင်နေသော အုပ်ချုပ်ရေးမှူး အေးသောင် ကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်း ပြီးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ ကိုဒေဝက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ ဘလားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အေးသောင် ကို ၎င်းနေအိမ်အတွင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ ရဲဘော်များက သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဦးခေါင်းတည့်တည့်ကို ကျည် ၁ ချက် ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး အေးသောင် သည် ကြံ့ဖွတ်ပါတီ၏ အမာခံဖြစ်ပြီး အကြမ်းဖက် စစ်တပ်က ပြုလုပ်မည့် တရားမဝင်ရွေးကောက်ပွဲတွင် ပြည်သူများအနေဖြင့် မဲထည့်ရန် ဖိအားပေးခြင်း၊ ပြည်သူများထံမှ စစ်မှုထမ်းကြေးဟုဆိုကာ ငွေကြေးများ ခြိမ်းခြောက်ကောက်ခံခြင်း၊ လူငယ်များအား စစ်မှုထမ်းရန် အတင်းအကျပ် စုဆောင်းခြင်းများ လုပ်ဆောင်နေသောကြောင့် ပစ်ခတ် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ကိုဒေဝက ရှင်းပြသည်။

“အဲကောင်ကို ပြည်သူတွေ တိုင်နေတာ တော်တော်ကြာပြီ။ စစ်မှုထမ်း ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ပြည်သူတွေဆီက လစဉ်လည်း တောင်းတယ်။ ပေါ်တာဆွဲ ဖမ်းဆီးပြီးတော့လည်း ခြိမ်းခြောက် ငွေတောင်းတယ်။ ပြည်သူကို နည်းမျိုးစုံနဲ့ နှိပ်စက်နေတဲ့ကောင်ပါ။ အခုလည်း စစ်ခွေး ရွေးကောက်ပွဲကို မဲထည့်ဖို့နဲ့ ကြံ့ဖွတ်ပါတီကို မဲပေးဖို့ ဖိအားပေးလုပ်ဆောင်နေတာတွေ ရှိတဲ့ အတွက် တိုက်ခိုက်ခဲ့တာပါ” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ ကိုဒေဝက ပြောဆိုသည်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို အနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် အကြမ်းဖက် စစ်သား၊ ရဲနှင့် ပျူစောထီးများအပြင် ၄င်းတို့၏ ဒေါက်တိုင်များကိုပါ အရှိန်မြင့် တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများ အနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ကြရန် အသိပေးပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article