တောင်ကိုရီးယားနိုင်ငံ အူလ်ဆန်မြို့တွင် မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုအလိုမရှိ ဆန့်ကျင်ဆန္ဒပြပွဲကို ကိုရီးယား မြန်မာပူးပေါင်းကာ ကျင်းပခဲ့ကြောင်း သိရှိရသည်။
ဆန္ဒပြပွဲကို အူလ်ဆန်မြို့ကိုရီးယားကူညီရေး အီဂျူမင်းစင်တာက ဦးဆောင်ခဲ့ပြီး ဂယောင်ဂျူး၊ဒယ်ဂူးမြို့စသောနီးစပ်ရာမြို့များမှ မြန်မာ့ အရေးတက်ကြွလှုပ်ရှားသူများ၊ နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းက ဦးဆောင်၍ “စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ အတုအယောင်ရွေးကောက်ပွဲအလိုမရှိ၊ထွက်ပေါက်မဟုတ်ဘူးထောင်ချောက်” စသောကြွေးကြော်သံများကြွေးကြော်ကာ အာဏာရှင်စနစ်ဆိုးမှ လွတ်မြောက်သည်အထိ ဆက်လက်ပါဝင်ဆင်နွှဲကြရန် ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသူ နိုင်ငံသားတို့ကို တိုက်တွန်းအားပေးစကားမိန့်ကြားခဲ့ကြောင်း သိရှိရသည်။






