27 C
Yangon

ဆိပ်ဖြူမြို့မှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံးပြီး စစ်ကား ၂ စီးပျက်စီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၆

မကွေးတိုင်း၊ ဆိပ်ဖြူမြို့မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၇ ဦး သေဆုံးခဲ့ကြောင်း Yenanthar Column မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဆိပ်ဖြူမြို့ ဘောလုံးကွင်းမှ ထွက်လာသော ကပစ ၂၁ ၊ ကပစ ၂၂ ၊ လကတ ၂၀၃၆ ၊ လစခ ၉ ၊ ခလရ ၁၃ ၊ တမခ ၈၈ တို့မှ စစ်သားများဖြင့် စုဖွဲ့ထားသော အင်အား ၂၀၀ ခန့်ပါ စစ်ကား ၁၅ စီးကို ဆိပ်ဖြူမြို့နယ်၊ ဂွေးပင်ချောင်းကျေးရွာ အနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များက ချင်တောင်‌ကျေးရွာ အနီးတွင် ထပ်မံ‌ စောင့်ကြို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကား ၂ စီး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲဖြစ်ပွားနေချိန်တွင် စလင်းမြို့နယ် ၊ တညောင်တိုက်နယ် လျှပ်စစ်ခွဲရုံမှ စစ်သားများက လက်နက်ကြီးများဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့ပြီး ဆိပ်ဖြူ-စလင်း ကားလမ်းကိုလည်း စစ်ကြောင်းထိုးလာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

ယင်း ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၇ ဦးသေဆုံးကာ ၁၀ ဦး ထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ပြည်သူတွေအနေနဲ့ စစ်ရေးအခြေအနေတွေကို အမြဲနားစွင့်ထားဖို့နဲ့ သတင်းထုတ်ပြန်ချက်တွေကို လိုက်နာပူးပေါင်းဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Yenanthar Column မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မကွေးတိုင်း ပကဖ ရွေးလျားစစ်ကြောင်း Yenanthar Column ၊ ပခုက္ကူခရိုင် အမှတ် (၁၉) တပ်ရင်း နှင့် အမှတ် (၄) တပ်ရင်း တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article