27 C
Yangon

ပုလဲမြို့နယ်နှင့် ရသေ့တောင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၀

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ချင်ပြစ်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ကျော်ခန့်တွင် ပုလဲမြို့နယ်၊ ချင်ပြစ်ရွာကို တံတားဦးတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်သွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း မြိုင်မြို့နယ် သမင်းချောက်ရွာသား ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၅ ဦးလည်း ထိခိုက်ဒဏ်ရာရကာ နေအိမ် ၂ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“ဗုံးကျဲသွားတာက ပုလဲမြို့နယ်ရှိ ချင်ပြစ်ရွာကို ကျဲသွားတာ သေဆုံးသူ ပြည်သူက မြိုင်မြို့နယ်သားလို့ သိရတယ်။ သူက အလုပ်ကိစ္စနဲ့ ပုလဲနယ်ထဲကို ရောက်နေတုန်း လေကြောင်းတိုက်ခိုက်မှုအတွင်းမှာသေဆုံးတာ အဲရွာက ပြည်သူ ၅ ဦးလည်း ထိခိုက်ဒဏ်ရာရတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

အလားတူ ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်ကလည်း စစ်တွေမြို့နယ်၊ အမြင့်ကျွန်းရွာ စာသင်ကျောင်းမှ အကြမ်းဖက် စစ်သားများက ရသေ့တောင်မြို့နယ်၊ အောက်ဇီးကိုင်းရွာ တာဘောင်ရိုးဆည် အနီးကို ဒရုန်းဖြင့် ဗုံး ၁၀ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်ဖြစ်သော Arakan Princess က ဖော်ပြထားသည်။

ထိုတိုက်ခိုက်မှုအတွင်း အောက်ဇီးကိုင်းရွာမှ ဦးထွန်းအေးလှိုင် အသက် ၅၂ နှစ် သည် သေဆုံးခဲ့ပြီး ကိုဖြိုးဝေထွန်း အသက် ၂၂ နှစ်နှင့် နန့် ဦးမောင်မောင်ဌေး အသက် ၃၈ နှစ်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

photo credit – Arakan Princess

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article