ဒီကနေ့ နိုဝင်ဘာ ၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-မြန်မာစစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲကို အာဆီယံလေ့လာစောင့်ကြည့်သူ စေလွှတ်မှာမဟုတ်ဘူးလို့ အာဆီယံဥက္ကဋ္ဌသစ် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် အာရ် မားကို့စ် ဂျူနီယာက အတည်ပြုပြောဆိုပါတယ်။ ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်အပြီး မလေးရှား ဘာနားမားသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်တာဖြစ်ပါတယ်။
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်က အင်အားဖြည့်တင်းပြီး ရွေးကောက်ပွဲနေ့ ဆန္ဒမဲလာထည့်ကြဖို့ ပြည်သူတွေကို နေအိမ်တွေအထိ လိုက်လံခြိမ်းခြောက်နေတယ်လို့ ဒေသပြည်သူ တွေနဲ့ ဒေသတွင်းစစ်ရေးသတင်ရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ဧရာဝတီတိုင်း၊ ရေကြည်မြို့မရဲစခန်းမှာ ရဲအချင်းချင်း စကားများရန်ဖြစ်ရာကနေ ပစ်ခတ်မှုဖြစ်ပွားပြီး ဒုရဲအုပ် ၁ ဦး ဆေးရုံတင်ထားရတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




