ဒီကနေ့ နိုဝင်ဘာ ၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ကျွန်တော်တို့ Khit Thit Media ကို လူမှုကွန်ယက်မှာ Love React ပေးမှုနဲ့ နာမည်ကြီး ရုပ်ရှင်ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်ကို ဖမ်းဆီးလိုက်တယ်ဆိုပြီး အကြမ်းဖက် စစ်တပ်က ယမန်နေ့ညပိုင်းကပဲ သတင်းထုတ်ပြန်လာပါတယ်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ တရုတ်ဝမ်ပေါင်ကုမ္ပဏီကို အခြေပြုပြီး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက် စစ်တပ်ကို တော် လှန်ရေးတပ်တပ်တွေက နေ့စဉ် တိုက်ခိုက်နေပြီး စစ်တပ်ဘက်က ၄ ဦးထက် မနည်းကတော့ အသီးသီးသေကုန်ကြပြီဖြစ်တဲ့အပြင် ၊ ဝမ်ပေါင်ဝင်းထဲက ထရန်စဖော်မာလည်း လက်နက်ကြီး ထိပြီး မီးလောင်ထားတယ်လို့ ဆားလင်းကြီးမြို့နယ် လက်ရုံးတပ် ရဲ့ တိုက်ခိုက်ရေး ခေါင်းဆောင် မိုးသောက်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာမြို့နယ်၊ ရွှေပေါက်ကံရဲစခန်းကနေ ကင်းပတ်ဖို့ ပြင်ဆင်နေတဲ့ ရဲတွေကို မြိုပြတော်လှန်ရေးရဲဘော်တွေက ဖောက်ခွဲတိုက်ခိုက်မှုအတွင်း ရဲတွေဘက်က ထိခိုက်မှု ရှိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။




