ဒီကနေ့ နိုဝင်ဘာ ၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတေ
-ချင်းပြည်နယ်၊ တီးတိန်မြို့ကနေ စစ်ကြောင်းထိုးရန်ထွက်လာတဲ့စစ်တပ်ကိုတိုက်ခိုက်မှု စစ်သား ၄၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းတချို့ ရရှိကာ စစ်တပ်က အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၁၄ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ချင်းညီနောင်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ကရင်ပြည်နယ်၊ မြ၀တီမြို့မှာ အသက်မပြည့်သေးတဲ့ ကျောင်းသူအရွယ် မိန်းကလေးငယ်တွေအပါအဝင် မုဒိမ်းမှုတွေရဲ့ တရားခံ အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မဘသအစွန်းရောက် စိုင်းမျိုးညွန့်ဦးကို စစ်တပ်လက်အောက်ခံ ကရင်ပြည်နယ်အစိုးရက စီမံထူးချွန်တတိယအဆင့်ဆု ချီးမြှင့်လိုက်တယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ထီဖိုးစံရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က ၁၅ ဦးခန့် သေဆုံးပြီး သေနတ် ၈ လက် သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




