30 C
Yangon

NLD အစိုးရက ဒီမိုကရေစီစနစ်ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့မှုကို စစ်တပ်က ပြန်လည် တည်ဆောက်ပေးနေဟု အကြမ်းဖက် ဇော်မင်းထွန်း ပြောပြန်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၁

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရက ဒီမိုကရေစီစနစ်ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့မှုကို စစ်တပ်က ပြန် လည် တည်ဆောက်ပေးနေကြောင်း အကြမ်းဖက်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ အကြမဖက် ဇော်မင်းထွန်းက ပြောဆိုပြန် သည်။

ယနေ့ စစ်တပ်၏ လက်ကိုင်တုတ် ဝါဒဖြန့် သတင်းစာများမှတစ်ဆင့် အကြမ်းဖက် ဇော်မင်းထွန်းက ထိုသို့ ပြောဆိုလာခြင်းဖြစ် သည်။

NLD အစိုးရနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပခဲ့သော်လည်း မဲပေးပိုင်ခွင့်ရှိသူဟာ ၃၈ သန်း ခန့်ရှိသည့်အနက် မဲမသမာမှုဖြစ် နိုင်သော အရေအတွက် ၁၀ ဒသမ ၄ သန်းခန့်ရှိခဲ့ကြောင်း၊ အဆိုပါကိစ္စကို ဖြေရှင်းပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း လွှတ်တော်ခေါ်ယူ၍ အစိုးရဖွဲ့ရန် အတင်းအဓမ္မဆောင်ရွက်ခဲ့သည့်အတွက် စစ် တပ်က အာဏာသိမ်းယူခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မဲမသမာမှုဖြစ်ခဲ့တာကို တရားနည်းလမ်းတကျ ဖြေရှင်းမပေးဘဲ နိုင်ငံတော်အာဏာကို အဓမ္မနည်းနဲ့ ရယူဖို့ကြိုးစားခဲ့တဲ့ NLD အစိုးရနဲ့ သူတို့ ဖွဲ့စည်းပေးထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ကသာ ပြည်သူလူထုတစ်ရပ်လုံးနဲ့ နိုင်ငံတော်ရဲ့ စစ် မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်းမှုကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့ခြင်းသာဖြစ်ပါတယ်။ ပြည်သူတွေလိုလား တောင့်တခဲ့တဲ့၊ ဒီလိုဖျက်ဆီးခံရတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ကျွန်တော်တို့က နည်းစနစ်ကျစွာ ပြန်လည်တည် ဆောက်ပေးနေခြင်းဖြစ်ပါတယ်” ဟု အကြမ်းဖက် ဇော်မင်းထွန်းက ​ပြောဆိုသည်။

လက်ရှိတွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကွဲပြားခြားနားသော နိုင်ငံတကာတုံ့ပြန်မှုများရှိနေသော်လည်း မိတ်ဖက်နိုင်ငံများ က အသိအမှတ်ပြုထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

” မြန်မာနိုင်ငံသားတွေရဲ့ အနာဂတ်ကို မြန်မာနိုင်ငံသားတွေကပဲ ဖန်တီးပိုင် ခွင့်ရှိပါတယ်။ မြန်မာ့အရေးကို ရွေးကောက်ပွဲမဲပေးတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေကပဲ အသိအမှတ်ပြု ဆုံးဖြတ်ရပါမယ်။ ဒါဆိုရင် လုံလောက်နေပြီဖြစ်ပါတယ်” ဟု အကြမ်းဖက် ဇော်မင်းထွန်းကဆိုသည်။

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအပေါ် မိတ်ဖက်နိုင်ငံများ၏ ထောက် ခံမှုများ အခိုင်အမာရရှိထားပြီး ဖြစ်ကြောင်း၊ မဲမသမာမှုများမရှိစေရန် ခေတ်မီနည်းပညာသုံး MEVM စက်များကိုလည်း အသုံးပြုထားကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် လွှတ်တော်က ဂုဏ်သိက္ခာရှိသည့် လွှတ်တော်တစ်ရပ်အဖြစ် ကမ္ဘာကို ချပြနိုင်မည်ဖြစ်ကြောင်း ဇော်မင်းထွန်းက ပြောဆိုသွားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article