23 C
Yangon

အကြွေးထူသည့် သက်သက်ခိုင် အသနားခံစာတင်ခဲ့သော်လည်း မင်းအောင်လှိုင်က မသနား၍ ရွေးကောက်ပွဲ ပြိုင်ခွင့် လုံး၀ အဆုံးသတ်နိဂုံးချုပ်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၅

အကြွေးထူသည့် သက်သက်ခိုင်မှာ ရွေးကောက်ပွဲဝင်ခွင့်ပြုရန် မင်းအောင်လှိုင်ထံသို့ အသနားခံစာတင်ခဲ့သော်လည်း မင်းအောင်လှိုင်က မသနား၍ ရွေးကောက်ပွဲ ပြိုင်ခွင့် လုံး၀ အဆုံးသတ်နိဂုံးချုပ်သွားပြီဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီက တရားဝင် အတည်ပြု ထုတ်ဖော်ပြောဆိုသည်။

ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ သက်သက်ခိုင်က ၎င်းကို လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ထားမှုအပေါ် သက်ညှာ စဉ်းစားပေးရန် နှင့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခွင့်ပြုရန် ရွေးကောက်ပွဲကော်မရှင်(UEC) နှင့် မင်းအောင်လှိုင်ထံသို့ အသနားခံစာ တင်ပြခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလနှောင်းပိုင်းတွင် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ သက်သက်ခိုင်တွင် အကြွေးပေးရန် ရှိနေသော အချက်ကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ရွေးကောက်ပွဲကော်မရှင်(UEC)က ပယ်ဖျက်ခဲ့ကြောင်း၊ သို့ရာတွင် သက်သက်ခိုင်က ပြန်လည် စဉ်းစားပေးရန် မင်းအောင်လှိုင်နှင့် UEC ဥက္ကဋ္ဌထံသို့ အသနားခံစာ တင်ထားကြောင်း၊ အဆိုပါ အသနားခံစာများကို UEC ဘက်က ပြန်လည် သုံးသပ်စဉ်းစားရာတွင် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်သည်ဟု သုံးသပ်ခဲ့ပြီး မင်းအောင်လှိုင်ကလည်း UEC ၏ ဆုံးဖြတ်ချက်အတိုင်း အတည်ပြု ပေးခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ တွင် အမည်စာရင်းတင်သွင်းထားသည့် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ သက်သက်ခိုင်သည် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၈ (ဃ)ပါ ပြဋ္ဌာန်းချက်နှင့် ငြိစွန်းသဖြင့် ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်က ပြင်ဆင်ထားသော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၅ ပုဒ်မ ၈ (ဃ) ပါ လွှတ်တော်ကိုယ်စားလှယ် အရည်အချင်းသတ်မှတ်ချက်တွင် နိုင်ငံတော်နှင့် ပုဂ္ဂလိက သို့ မသင့်လျော်သည့် ပေးရန် တာဝန်ကင်းရှင်းသူများ ဟု ပြဋ္ဌာန်းထားရာ သက်သက်ခိုင်မှာ ကမ္ဘောဇဘဏ်သို့ ငွေကျပ် ဘီလီယံ ၁၀၀ ကျော် အကြွေးပေးရန် ရှိနေ၍ အဆိုပါ ဥပဒေပုဒ်မနှင့်လည်း ငြိစွန်းနေကြောင်း သိရှိရသည်။

ကမ္ဘာအေးဘုရားလမ်းနှင့်ဆရာစံလမ်းထောင့်ရှိ 68 Residence အိမ်ရာစီမံ ကိန်းအတွက် သက်သက်ခိုင်နှင့်အောင်ကျော်ဝင်းတို့က ကမ္ဘောဇဘဏ်ထံမှ ငွေကျပ် ဘီလီယံ ၁၀၀ ကျော် ချေးငှားခဲ့ကြောင်း၊ သို့ရာတွင် 68 Residence အိမ် ရာစီမံကိန်းမှာ အချိန်မီ ပြီးစီးခြင်းမရှိခြင်း၊ အခန်းအပ်နိုင်ခြင်းမရှိခဲ့ကြောင်း၊ ထို့ပြင် ကမ္ဘောဇဘဏ်မှ ချေးယူထားသော ငွေကျပ် ဘီလီယံ ၁၀၀ ကျော်မှာလည်း ပြန်လည် ပေးဆပ်နိုင်ခြင်းမရှိကြောင်း သိရှိရသည်။

သက်သက်ခိုင်ကမူ ၎င်းအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၁၈၅ သန်းတန် ငွေကျပ်အားဖြင့် ၇၄၀ ဘီလီယံတန် 68 Resident အိမ်ရာစီမံကိန်းအတွက် KBZ ဘဏ်မှ အကြွေးယူခဲ့ရပြီး အတိုးနောက်ကျခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အကြွေးကို ၈ နှစ်တန်သည်ဖြစ်စေ၊ ၁၀ နှစ်တန်သည်ဖြစ်စေ ဆက်လက် ပေး ဆပ် သွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲကျင်းပ၍ ထုတ်ဖော်ပြောဆိုခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article