22 C
Yangon

ပျော်ဘွယ်မြို့နယ်၊ တောင်ကျောင်းရွာတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေသော အုပ်ချုပ်ရေးမှူး သောင်းဝင်း ပစ်ခတ်ခံရပြီး သေဆုံး၊ ငွေကျပ် ၆၈ သိန်းနှင့် ဖုန်း ၁ လုံးကိုလည်း သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ နို၀င်ဘာ ၁၅

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ တောင်ကျောင်းရွာတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေသော အုပ်ချုပ်ရေးမှူး သောင်းဝင်း ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း နတ်မောက်ဂဠုန် PDF အဖွဲ့ မှ ဗိုလ်အောင်ဒင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် ပျော်ဘွယ်မြို့နယ်၊ တောင်ကျောင်းရွာတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး လစဉ် စစ်မှုထမ်းကြေး ကောက်ခံနေသော ကျေးရွာအုပ်ချုပ်ရေးမှူး သောင်းဝင်း (ခေါ်) ဦးသန်းဝင်း ကို နတ်မောက်ဂဠုန်PDF အဖွဲ့က ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသော ကျေးရွာအုပ်ချုပ်ရေးမှူး သောင်းဝင်း (ခေါ်) ဦးသန်းဝင်းသည် ပြည်သူများအပေါ် ယခုကဲသို့ လုပ်ဆောင်နေခြင်းကို နတ်မောက်ဂဠုန် PDF အဖွဲ့က သတိပေးထားသော်လည်း လိုက်နာမှုမရှိသောကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှူး သောင်းဝင်းထံမှ ငွေကျပ် ၆၈ သိန်းနှင့် ဖုန်း ၁ လုံး တို့ကို သက်သေခံပစ္စည်းအဖြစ် သိမ်ဆည်း ရရှိခဲ့ကြောင်းသိရသည်။

“သူက တောင်ကျောင်းကျေးရွာက အုပ်ချုပ်ရေးမှူး ဦးသောင်းဝင်း (ခေါ်) သန်းဝင်းပါ။ အဲကောင်က ပြည်သူတွေဆီက ဆက်ကြေးကောက်ခံတာ အပြင် နည်းမျိုးစုံနဲ့ နှိပ်စက်နေလို့ ပစ်ခတ် တိုက်ခိုက်ခဲ့တပါ။ သူ့ရွာမှာပဲ ရှင်းလင်းခဲ့တာပါ။ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့တာပါ” ဟု နတ်မောက်ဂဠုန်PDFအဖွဲ့ မှ ဗိုလ်အောင်ဒင်ကပြောဆိုသည်။

ပြည်သူများအနေဖြင့် ကျေးရွာအတွင်း နည်းမျိုးစုံဖြင့် နှိပ်စပ်နေသော အုပ်ချုပ်ရေးမှူးများ၊ စစ်တပ် ဒေါက်တိုင်များကို နတ်မောက်ဂဠုန် PDF အဖွဲ့သို့ တိုင်ကြားနိုင်ကြောင်း နတ်မောက်ဂဠုန် PDF အဖွဲ့ မှ ဗိုလ်အောင်ဒင်က ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article