ဒီကနေ့ နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
– မြန်မာနိုင်ငံက အကြွေးထူတဲ့ PPP ပါတီဉက္ကဌ သက်သက်ခိုင်ဟာ စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲအတုကြီးကို ဝင်ပြိုင်ခွင့်ရဖို့တောင် အကြမ်းဖက် မင်းအောင်လှိုင်ကို အသနားခံစာတင်ခဲ့ပေမယ့် မင်းအောင်လှိုင်က မသနားတဲ့အတွက် ရွေးကောက်ပွဲ ပြိုင်ခွင့် လုံး၀ အဆုံးသတ်နိဂုံးချုပ်သွားပြီလို့ သိရပါတယ်။
– ပဲခူးတိုင်းက မိုးညိုမြို့ပေါ်မှာ အကြမ်းဖက် စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲအတုကြီးအတွက် မဲစာရင်း လာရောက် စစ်ဆေးသူမရှိတာကြောင့် စစ်တပ်က တစ်အိမ်ကို လူ ၁ ဦးနှုန်း ရွေးကောက်ပွဲ မဲစာရင်း လာရောက် စစ်ဆေးရမယ်ဆိုပြီး ဖိအားပေး ခြိမ်းခြောက် ခေါ်ဆောင်နေပြန်တယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– ပဲခူးတိုင်း ၊ ရေတာရှည်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာပြန်တဲ့ အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး ပူးပေါင်း တပ်တွေက တန်ပြန်တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်တပ်ဘက်က အယောက် ၂၀ ဝန်းကျင်ကတော့ အသီးသီး သေကုန်ကြပြီးနောက် စစ်တပ်စစ်ကြောင်းဟာ ရှေ့ဆက်မတိုးရဲတော့ပဲ စစ်ကြောင်းလိုက် ပြန်ဆုတ်သွားကြတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




