31 C
Yangon

ဂန့်ဂေါတွင် တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော်အမတ်လောင်း စစ်ဗိုလ်ပြုတ် သန်းဝင်း သေဆုံးသွားသဖြင့် ကြံ့ဖွတ်ပါတီမှ ကိုယ်စားလှယ်လောင်းက ပြိုင်စရာမလိုတော့ဘဲ ပြိုင်ဘက်မရှိ အနိုင်ရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၇

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှ တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော်အမတ်လောင်း စစ်ဗိုလ် ပြုတ် သန်းဝင်းသေဆုံးသွားသဖြင့် ကြံ့ဖွတ်ပါတီအမတ် လောင်းက ပြိုင်စရာမလိုတော့​ဘဲ ပြိုင်ဘက်မရှိ အနိုင်ရရှိသွားကြောင်း ယောအလင်းတန်းမှ ကိုရောင်နီက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်မရှင် ပြုလုပ်မည့် အတုအယောင်ရွေး ကောက်ပွဲ၌ ဂန့်ဂေါမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော်အမတ်လောင်း စစ်ဗိုလ်ပြုတ် သန်းဝင်းမှာ နှလုံး ၊ သွေးတိုး၊ ဆီးချိုရောဂါများ ခံစားရပြီး ကျန်းမာရေးဖောက်ပြန် သေဆုံးသွားကြောင်း၊ ၎င်းသေဆုံး သွားမှုကြောင့် ကြံ့ဖွတ်ပါတီမှ ပြည်သူ့လွှတ်တော်အမတ်လောင်း အိဖြူလွင်မှာ ပြိုင်စရာလူမရှိတော့သဖြင့် အလို လို အနိုင်ရရှိသွားခြင်းဖြစ်ကြောင်း သိရသည်။

“သူက စစ်တပ်က အကျင့်ပျက်ချစားမှုနဲ့ ပြုတ်လာတာ။ အာဏာမသိမ်းခင်ကတော့ NLD နဲ့ ဆန့်ကျင်ဘက်ပေါ့၊ ကြံ့ဖွတ်ပါတီဝင်လည်းလုပ်ခဲ့တယ်။ အာဏာသိမ်းပြီးတော့လည်း စစ်တပ်ထဲနဲ့ အမြဲ တမ်းအဝင်အထွက်လုပ်ပြီး စစ်တပ်အတွက်လော်ဘီလုပ်ပေးနေတာ။ K Pay ၊ Wave Pay တွေ စုံစမ်းပြီးတော့ PDF ထောက်ပို့လုပ်တယ်ဆိုပြီး စစ်တပ်ကို ဖမ်းခိုင်းတာတွေရှိတယ်။” ဟု ယောအလင်း တန်းမှ ကိုရောင်နီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

သေဆုံးသွားသော တသီးပုဂ္ဂလအမတ်လောင်း သန်းဝင်းသည် စစ်တပ်မှ ဗိုလ်အဆင့်ဖြင့် ထုတ်ပယ် ခံထားရသူဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးတွင်ပါဝင်လှုပ်ရှားသူများ၊ တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းအချက်အလက်များကို စစ်တပ်ထံ စုံစမ်းပေးပို့နေသူဖြစ်ကြောင်း သိရသည်။

၎င်းသည် မြိုင်မြို့နယ်၊ ကိုင်းတောမကျေးရွာဇာတိဖြစ်ပြီး လက်ရှိတွင် ဂန့်ဂေါမြို့၊ အမှတ် ၁ (ရေပုတ်) ရပ်ကွက်တွင်နေထိုင်သူဖြစ်ကြောင်း၊ ဂန့်ဂေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် စာရင်း သွင်းထားကာ ၎င်း၏ ပြိုင်ဘက်မှာ ကြံ့ဖွတ်ပါတီမှ အိဖြူလွင်ဖြစ်ကြောင်း သိရသည်။

အလားတူ ကြံ့ဖွတ်ပါတီမှ ဂန့်ဂေါမြို့နယ် မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလောင်းဖြစ် ဝင်ရောက်ယှဉ် ပြိုင်သည့် ဇော်ထွန်းဦးသည်လည်း ပြိုင်ဘက်မရှိအနိုင်ရရှိထားသူဖြစ်ကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ်သည့် စစ်ကောင်စီက ပြုလုပ်မည့်အတုအယောင်ရွေးကောက်ပွဲ အပိုင်း ၂ တွင်ပါဝင်ပြီး လာမည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- သေဆုံးသွားသော တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော်အမတ်လောင်း စစ်ဗိုလ်ပြုတ် သန်းဝင်း။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article