30 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ နိုဝင်ဘာ ၁၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အကြမ်းဖက် မင်းအောင်လှိုင်ဟာ ဘားအံနဲ့မော်လမြိုင်ခရီးစဉ်တွေမှာ တာဝန်ရှိသူတွေက သူ့အတွက် တည်ခင်းဧည့်ခံပေးတဲ့ သောက်ရေ၊ ရေနွေး၊ လက်ဖက်၊ အချိုပွဲနဲ့ အစား အသောက်တွေကို လုံး၀ မတို့မထိ မစားဘဲ သူ့မှာပါလာတဲ့ ကိုယ်ပိုင်ရေဘူးနဲ့ အစားအသောက်တွေကိုသာ စားသောက်ခဲ့တယ်လို့ အဲ့ဒီ့ခရီးစဉ်အတွင်း မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့တဲ့ စစ်တပ်လက်အောက်ခံ ဌာနဆိုင်ရာသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

ကရင်ပြည်နယ်က ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေအခြေစိုက်ရာ ရွှေကုက္ကိုလ်မြို့သစ်အတွင်း ကျားဖြန့်ငွေလိမ်မှုတွေ လုပ်တဲ့အချိန် အသုံးပြုတဲ့ ကွန်ပျူတာတွေ ၊ဖုန်း Sim Card တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ဘာတစ်ခုမှ သက်သေ မချန်ဖို့ ကျားဖြန့်ခေါင်းဆောင်တွေကဖယ်ရှားခိုင်းနေတယ်လို့ ရွှေကုက္ကိုလ်အတွင်းမှာရှိတဲ့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို အသိပေး ပြောဆိုလာပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နဲ့ ၁၂ မိုင်ခန့်အကွာ မဏိပူရမြစ်အနီးမှာ အကြမ်းဖက် စစ်တပ်နဲ့ ချင်းတော်လှန်ရေးတပ် တွေအကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပြီး ၊ ချင်းတော်လှန်ရေး တပ်တွေကတော့ သိမ်းပိုက်ရရှိထားတဲ့ နယ်မြေတွေကို မဆုံးရှုံးရအောင် ချင်းတပ်တွေအားလုံးပေါင်းပြီး စည်းစည်းလုံးလုံးနဲ့ပြန်လည် တိုက်ခိုက်ခြေမှုန်း နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article