27 C
Yangon

မူးမြို့နယ်တွင် စစ်တပ်၏ ခမရ-၅၈၁ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦး အလင်းဝင်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၈

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၅၈၁ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့တွင် မူးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ-၅၈၁ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦးသည် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း ၈ ထံ ချိတ်ဆက်ပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုစစ်မှုထမ်း တပ်သားသစ် ၃ ဦးဖြစ်သော အသက် ၂၅ နှစ်အရွယ် မောင်သန့်ဇင်ထွန်း ၊ အသက် ၂၃ နှစ်အရွယ် ကျော်ဇင်ထွန်း နှင့် အသက် ၂၄ နှစ်အရွယ် ပြည့်စုံထွန်းတို့ကို အကြမ်းဖက် စစ်တပ်က အတင်းအဓမ္မ စစ်မှုထမ်း စေခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသည့် တပ်သားများအနေဖြင့် နီးစပ်ရာ တော်လှန်ရေး အဖွဲ့များထံသို့ လက်နက်ချအလင်းဝင်ပူးပေါင်းကြရန် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးက တိုက်တွန်းထားသည်။

အလားတူ ကျောက်ကြီးမြို့နယ်တွင်လည်း အောက်တိုဘာလ ၁၅ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၉ ထံသို့ အကြမ်းဖက် စစ်တပ်၏ ခလရ ၇၅ တပ်ရင်းမှ ပြည်သူ့စစ်မှုထမ်းတပ်သားများဖြစ်သော ကျော်ဇေယျ ၊ သီဟနိုင် ၊ အောင်မျိုးဦး ၊ စည်သူဟိန်း ၊ မောင်မှောက် ၊ သန်းနိုင်ဦး နှင့် ရာဇာထက် တို့ ၇ ဦး အလင်းဝင်ရောက်ခဲ့ပြီး သန်းနိုင်ဦးနှင့် ရာဇာထက် တို့သည် စစ်မှုထမ်း တပ်သားသစ် အဖြစ် ရောင်းစားခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article