22 C
Yangon

စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံတွင် ပြောင်းလဲမည့် အရိပ်အယောင် မတွေ့ရ၍ ဒိန်းမတ်သံရုံးကို အပြီးပိတ်သိမ်းတော့မည်ဟု ကြေညာ၊ ဖင်လန်နိုင်ငံသံရုံးပြီးလျှင် ဒိန်းမတ်သံရုံးက ပိတ်သိမ်းမည့် ဒုတိယမြောက်သံရုံးဖြစ်လာ

Must read

စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံတွင် ပြောင်းလဲမည့် အရိပ်အယောင် မတွေ့ရ၍ ဒိန်းမတ်သံရုံးကို အပြီးပိတ်သိမ်းတော့မည်ဟု ကြေညာ၊ ဖင်လန်နိုင်ငံသံရုံးပြီးလျှင် ဒိန်းမတ်သံရုံးက ပိတ်သိမ်းမည့် ဒုတိယမြောက်သံရုံးဖြစ်လာ

ရန်ကုန်၊ ဒီဇင်ဘာ ၆

ရန်ကုန်မြို့ရှိ ဖင်လန်နိုင်ငံသံရုံးကို လာမည့်နှစ်တွင် အပြီး ပိတ်သိမ်းမည်ဟု ကြေညာပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံသံရုံးကလည်း လာမည့်၂၀၂၆ ခုနှစ်ကုန်တွင် သံရုံးအပြီးအပိုင် ပိတ်သိမ်းတော့မည်ဟု တရားဝင် ကြေညာသည်။

ရန်ကုန်ရှိ ဒိန်းမတ်သံရုံးကို ၂၀၂၆ ခုနှစ်ကုန် အပြီးသတ် ပိတ်သိမ်းရန် ဆုံးဖြတ်လိုက်ကြောင်း ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး လားစ် လွတ်ကေ ရာစမူဆန် (Lars Løkke Rasmussen) က သတင်းထုတ်ပြန်လိုက်ပြီး မြန်မာနိုင်ငံဆိုင်ရာဒိန်းမတ်သံရုံးပိတ်သိမ်းခြင်းလုပ်ငန်းများကို စနစ် တကျပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဘောင်အခြေအနေများ သိသိသာသာ ဆိုးရွားလာခဲ့ပြီး လက်ရှိ ၎င်းအခြေအနေများမှာ ပြောင်းလဲသွားမည့် အရိပ်အယောင်များ မတွေ့ရသောကြောင့် ဒိန်းမတ်နိုင်ငံက နိုင်ငံခြားရေးမူဝါဒနှင့် ကူးသန်းရောင်းဝယ်ရေး အကျိုးစီးပွားအတွက် ရန်ကုန်မြို့ရှိ ဒိန်းမတ်သံရုံးကို ပိတ်သိမ်းရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆိုင်ရာဒိန်းမတ်သံရုံးအနေဖြင့် သံရုံး မပိတ်သိမ်းမီအချိန်အထိ လုပ်ငန်းဆောင်တာများကို ပုံမှန်ဆောင် ရွက်သွားမည်ကြောင်း၊ မြန်မာနိုင်ငံတွင် ဒိန်းမတ်သံရုံးပိတ်သိမ်းလိုက်သော်လည်း ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ရှိ ဒိန်းမတ်နိုင်ငံဆိုင်ရာရုံးကို ကောင်စစ်ဝန်ချုပ်အဖြစ် အဆင့်မြှင့်တင်ကာ အာရှအလယ်ပိုင်းဆိုင်ရာ အထူးကိုယ်စားလှယ်အသစ်ကို ခန့်အပ်သွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်သည်။

ဒိန်းမတ်နိုင်ငံက မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများဖြစ်သည့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme – WFP) မှတစ်ဆင့် စားနပ်ရိက္ခာ ထောက်ပံ့မှု၊ စစ်ဘေးရှောင်များအတွက် အရေးပေါ် အထောက်အပံ့များ ယာယီခိုလှုံရာ၊ အခြေခံပစ္စည်းများနှင့် ငွေကြေးအကူအညီများ၊ ပဋိပက္ခဒဏ်သင့် ဒေသများရှိ ပြည်သူများအတွက် ကျန်းမာရေးနှင့် ရေ/သန့်ရှင်းရေး အထောက်အပံ့များ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ပံ့ပိုးမှုများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများအတွက် ငွေကြေးထောက်ပံ့မှုများ၊ ဒီမိုကရေစီလှုပ်ရှားသူများနှင့် လူ့အခွင့်အရေး ကာကွယ်သူများအား စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းနှင့် ကူညီပံ့ပိုးခြင်းများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခွင့်အရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အကြမ်းဖက်မှု တားဆီးရေး လုပ်ငန်းများ၊ စီးပွားရေးအခွင့်အလမ်း နည်းပါးသော ဒေသများအတွက် ရေရှည်တည်တံ့သော ကျေးလက်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတို့တွင် အကူအညီများပေးလျက်ရှိကြောင်း သိရသည်။

ဒိန်းမတ်နိုင်ငံက လူသားချင်းစာနာထောက်ထားမှု အကူအညီနှင့် ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုများကို ကုလသမဂ္ဂအေဂျင်စီများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းများ တစ်ဆင့် ဖင်လန်နိုင်ငံနည်းတူ အကူညီများပေးအပ်လျက်ရှိသော နိုင်ငံဖြစ်ပြီး လက်ရှိ နိုင်ငံရေးအကျပ် အတည်းနှင့် ပဋိပက္ခများကြောင့် ဒိန်းမတ်နိုင်ငံက ၎င်းတို့၏ အကူအညီများကို မြန်မာစစ်တပ်ထံသို့ မရောက်ရှိစေရေး သတိထား ကိုင်တွယ်လျက်ရှိကြောင်း သိရှိရသည်။

Danmarks statsminister Lars Løkke Rasmussen vid Nordiska rådets session i Reykjavik på Island. 2010-11-02. Foto: Magnus Fröderberg
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article