ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ဒေါနတောင်ခြေမှာ အသစ်တည်ဆောက်နေတဲ့ BGF ရဲ့ ကျားဖြန့် နေရာသစ်ကို တရုတ်တွေနှင့် နိုင်ငံခြားသားတွေ ရွှေ့ပြောင်းရာမှာ စစ်တပ်ကလမ်းကြောင်း ကားတွေနဲ့ ပို့ပေးနေတယ်လို့ အဲ့ဒီမြို့သစ်မှာ ရောက်ရှိနေတဲ့ ကျားဖြန့် အလုပ်သမားတွေနှင့် ကရင်စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
-စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာ Gyrocopter ၃ စီး စက်စမ်းလေ့ကျင့်နေချိန် ၁ စီးပျက်ကျပြီး ၂ ဦးသေဆုံးခဲ့တယ်လို့ Monywa Revolution ရဲ့ တာဝန်ရှိသူတစ်ဦးနှင့် ဒေသခံပြည်သူတွေရဲ့ ရန်ကုန်ခေတ်သစ် ပြောပြချက်အရ သိရပါတယ်။
-စစ်ကိုင်တိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်း အတိုင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး စုန်ဆင်းလာတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ အမြန်ရေယာဉ် ၁ စီးကို တိုက်ခိုက်တာကြောင့် စစ်သားတွေ ထိခိုက်မှုရှိတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




