ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD အစိုးရက နိုင်ငံနှင့်မကိုက်ညီတဲ့ နိုင်ငံခြားသားအကြံပေးတွေရဲ့ အကြံဉာဏ်အတိုင်း ဩဇာခံ ဆောင်ရွက်ခဲ့တာကြောင့် မြန်မာနိုင်ငံ စီးပွားရေးကျဆင်းခဲ့ရတယ်လို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အပြစ်တင်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ တရားမဝင်ရွေးကောက်ပွဲကို လုံးဝအသိအမှတ်မပြုဖို့နဲ့ လေ့လာစောင့်ကြည့် ရေးကိုယ်စားလှယ်တွေကို မစေလွှတ်ဖို့တို့အတွက် အိန္ဒိယအစိုးရနဲ့ လွှတ်တော်ကို မြန်မာပြည်သူ တွေကိုယ်စား အရပ်ဘက်နဲ့တော်လှန်ရေး အဖွဲ့ ၁၁၃ ဖွဲ့နဲ့ တသီးပုဂ္ဂလ ၂၉ ယောက်တို့က အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
-ပြည်သူ ၃၀ ကျော် သေဆုံးခဲ့ရတဲ့ မြောက်ဦးဆေးရုံကို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံက အပြင်းအထန် ရှုတ်ချလိုက်ပြီး ဂျနီဗာ ကွန်ဗန်းရှင်းနှင့် နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်မှုအဖြစ် မနေ့က ထုတ် ပြန်ကြေညာလိုက်တဲ့ သတင်းအပါအဝင် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




