28 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

ကရင်နီ-KNDF၊ BPLA ၊ ချင်းညီနောင် – CB၊ မွန်တော်လှန်ရေး တပ် အပါအဝင် တော်လှန်ရေးတပ် ၁၉ ဖွဲ့နဲ့ နွေဦးတော်လှန်ရေး မဟာမိတ်တပ် ပေါင်းစုကို စတင်ဖွဲ့စည်းလိုက်ပြီး အမျိုးသားညီညွတ်ရးအစိုး ရ NUG နှင့်ပါ ချိတ်ဆက်ဆောင်ရွက် သွားမယ်လို့ ကျောင်းသားလက်ရုံးတပ်တော် – SAFရဲ့ ဒုဥက္ကဌ ၁ ကိုမင်းဟန်ထက်က ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။

-ရခိုင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတွေ အစဥ်ထာဝရ အေးချမ်းသာယာ ပျော်ရွှင်ချမ်းမြေ့ဖို့ ဆုတောင်း ပေးတယ်လို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လူပေါင်း ၃ဒါဇင်ခန့် သေဆုံးစေခဲ့တဲ့ မြောက်ဦးဆေးရုံ ဗုံးကြဲတိုက်ခိုက်မှုအပြီး ၅ရက်အကြာမှာ ပြောဆိုလိုက်ပါတယ်။

-ရန်ကုန်မြို့မှာ မနေ့က အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက စစ်သူနာပြုသင်တန်းဆင်းပွဲ လာရောက် တက်ချိန် မင်္ဂလာ ဒုံ နှင့်မြောက်ဥက္ကလာပ မြို့နယ်ထဲမှာရှိတဲ့ ရပ်ကွက်တချို့မှာ Drone-Guard နှင့် Jammer စက်ကြီးတွေချပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းတွေ ယာယီဖြတ်တောက်ခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article