ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် မင်းအောင်လှိုင်က သူတို့ စစ်တပ်ရဲ့ လေတပ်ဟာ မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရဲ့အဆုံးအဖြတ်အပေါ် များစွာ အထောက်အကူပြုနေမှုကြောင့် လေယာဉ်၊ ရဟတ်ယာဉ်နဲ့ လေတပ်အတွက် စစ်ဆင်ရေးအထောက် အကူစနစ်တွေ ကြိုးပမ်းဖြည့်တင်းနေတယ်ဆိုပြီး ထုတ်ဖော်ပြောဆိုလာပြန်ပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံက မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အကြမ်းဖက် စစ်တပ်ရဲ့ ကိုယ်စားလှယ်တွေကို ဆက်လက်ငြင်းပယ်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ဆက်လက် အတည်ပြုလိုက်တယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်း၊ ပုလောမြို့က အကြမ်းဖက် စစ်တပ်လက်အောက်ခံ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး မိုင်းနိုင် ဆိုသူကို တော်လှန်ရေးရဲဘော်တွေက အရှင်ဖမ်းမိခဲ့ပေမယ့် ခုခံထွက်ပြေး တဲ့အတွက် ပစ်ခတ်ရှင်းလင်းလိုက်ရာမှာ ပွဲချင်းပြီးကို သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။




