ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်သားများ လိုက်ပါလာသော ဖောကားကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံပုရာရွာ၊ တောင်လေးကုန်းမှ ဖောကားဖြင့် ထွက်လာသော အကြမ်းဖက် စစ်သားများ လိုက်ပါလာသည့် ကား ၁ စီးကို ဒါလီတံတားအနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကာ ၎င်းတို့ စီးနင်းလာသော ကားလည်းပျက်စီးခဲ့ကြောင်း သိရသည်။
“သံပုရာကျေးရွာ၊ ဒါလီတံတားအနီးမှာ စစ်ခွေးတွေ လိုက်လာတဲ့ ကား ၁ စီး မိုင်းဆွဲ ခံရတာ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိဘူး။ စစ်ခွေးကားက မီးခိုးတွေ ထွက်လာတာတော့ တွေ့လိုက်တယ်။ စစ်ခွေးတွေ မသေဘူးဆို ၅ ကောင်လောက်တော့ သေတယ်။ သူတို့ စစ်ခွေး အလောင်းတွေနဲ့ ဒဏ်ရာရတဲ့ ကောင်တွေကို ကားပေါ်ကနေ ဆွဲချနေတာတော့ တွေ့ခဲ့ရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင်လည်း ကျေးရွာများကို စစ်ကြောင်းထိုးရန် ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျေးရွာများ စစ်ကြောင်းထိုးရန်ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်များက ဘုရားကြီးကုန်းရွာအနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံးကာ ထိခိုက် ဒဏ်ရာရရှိသူ များပြားကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
“စစ်ခွေး အင်အားကတော့ ၉၀၀ ကျော်လောက်ရှိတယ်။ မြင်းခြံကနေ ပျူစောထီးတွေရယ်၊ ကျောက်ပန်းတောင်း ပျူစောထီးတွေ ရယ်၊ ချောက်မြို့နယ်က ပျူစောထီးတွေလည်းပါတယ်။ ကျောက်ပန်းတောင်းမြို့နယ် ကျေးရွာတွေကို စစ်ကြောင်းထိုးဖို့အတွက်လာတာပါ။ စစ်ခွေး စစ်ကြောင်းကို ဘုရားကြီးရွာအနားမှာ ကျွန်တော်တို့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး စစ်ကြောင်းက ကျောက်ပန်းတောင်းမြို့နယ်မှာရှိတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးလာက ၁၂ ရာသီပင်ကျေးရွာ ၊ဘုရာကြီးကုန်းကျေးရွာ ၊တွင်းဖြူကျေးရွာ ၊ကြက်တွင်းကန်ကျေးရွာ ၊အင်ပင်စမ်းကျေးရွာ ၊အမြောင်ကန်ကေးရွာ ၊ကိုးဆုကျေးရွာ ၊တလိုင်းကန်ကျေးရွာ၊ အဲရွာတွေစစ်ကြောင်းကအကုန်ဝင်သွားတာပါ။ ၁၂ ရာပင်ဘက်မှာ ပွိုင့်ချထားတဲ့ ကျွန်တော်တို့ စခန်းလေးကတော့ မီးရှို့ခံလိုက်ရတယ်။ လက်ရှိမှာ စစ်ခွေး စစ်ကြောင်းက ပြန်ဆုတ်နေတယ်” ဟု ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ညောင်ဦး ယင်း (၄) နှင့် ကျားသစ်နက်မြို့ပြပြောက်ကျားတပ်ဖွဲ့ (L.P.D.F) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။




