24 C
Yangon

မြန်မာ့အရေး အခြေအနေ ဆိုးရွားလာသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဗြိတိန်နှင့်တောင်ကိုရီးယားနိုင်ငံတို့က သီးသန့်အစည်း အဝေးခေါ်ယူ

Must read

🟥ကုလအတွင်းရေးမှူးချုပ်က မြန်မာစစ်တပ်၏ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှုမရှိနိုင်ဟု ထုတ်ပြော

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

မြန်မာ့အရေး အခြေအနေ ဆိုးရွားလာသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဗြိတိန်နှင့်တောင်ကိုရီးယားနိုင်ငံတို့က မြန်မာ နိုင်ငံအတွက် သီးသန့်အစည်း အဝေးခေါ်ယူထားကြောင်း ကုလသမဂ္ဂက တရားဝင်သတင်းထုတ်ပြန်သည်။

လာမည့် ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာ့အရေးနှင့် ပတ် သက်၍ သီးသန့်အစည်းအဝေး (Private Meeting) တစ်ရပ်ကို ခေါ်ယူကျင်းပမည်ဖြစ်ပြီး ယင်းအစည်း အဝေးတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဂျူလီ ဘစ်ရှော့ (Julie Bishop) နှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Tan Sri Othman Hashim တို့က လက်ရှိအခြေအနေများကို ရှင်းလင်းတင်ပြကြမည် ဖြစ်ကြောင်း သိရှိရသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးကို ဗြိတိန်နိုင်ငံ (UK) နှင့် တောင်ကိုရီးယားနိုင်ငံ (ROK) တို့၏ တောင်းဆိုမှုကြောင့် ကျင်းပခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွင်း ပိုမိုဆိုးရွားလာသည့် မြန်မာ့အရေးကို အဓိကထား ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဂျူလီဘစ်ရှော့က ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပရန် ပြင်ဆင်နေသည့် စစ်တပ်၏ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်း၏ စိုးရိမ်မှုများကို တင်ပြဖွယ် ရှိနေပြီး အတိုက်အခံအဖွဲ့အစည်းများနှင့် NLD အပါအဝင် နိုင်ငံရေးပါတီ အများအပြားက စစ်တပ်၏ ရွေးကောက်ပွဲကို “အတုအယောင်” ဟု သတ်မှတ်ကာ ပယ်ချထားကြကြောင် းသိရှိရသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း စစ်တပ်၏ ရွေးကောက်ပွဲမှာ လွတ် လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာလိမ့်မည်ဟု မည်သူမျှ မယုံကြည်ကြောင်းနှင့် မြန်မာ့ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ကြောင်း ပြောကြားထားသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ၏ နိုဝင်ဘာလ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ လူဦးရေ၏ ၄၀ ရာခိုင်နှုန်း (လူဦးရေ ၂၁ ဒသမ ၉ သန်းခန့်) သည် လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေကြောင်း၊ အထူးသဖြင့် စားနပ်ရိက္ခာ မလုံလောက်မှုမှာ အလွန်စိုးရိမ်ရသည့် အခြေအနေ သို့ ရောက်ရှိနေပြီး ရေကြီးရေလျှံမှုနှင့် ရန်ပုံငွေ အခက်အခဲများကြောင့် အခြေအနေမှာ ပိုမိုဆိုးရွားလျက် ရှိကြောင်း သိရှိရသည်။

အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးကိုယ်စားလှယ်များကို အဆင့်မြင့်အစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ထားဆဲဖြစ်ပြီး အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် ဆက်လက် တိုက်တွန်းထားသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအတွင်း မြန်မာ့အရေးနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများ ရှိနေဆဲ ဖြစ်ပြီး ဗြိတိန်က တင်သွင်းသည့် ဆုံးဖြတ်ချက်မူကြမ်းများကို တရုတ်နှင့် ရုရှားတို့က ကန့်ကွက်မှုများ ရှိခဲ့သောကြောင့် သိသာထင်ရှားသည့် လုပ်ဆောင်ချက်များ ချမှတ်နိုင်ခြင်း မရှိသေးပေ။

FILE – U.N secretary General Antonio Guterres addresses the media during a visit to the U.N. office in the capital Nairobi, Kenya Wednesday, May 3, 2023. Antonio Guterres says Sudan is on the brink of a “full-scale civil war,” as fierce clashes between rival generals continued unabated Sunday in the capital, Khartoum. (AP Photo/Khalil Senosi, File)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article