24 C
Yangon

စစ်တပ်၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းဖော် ထုတ်နေသော IIMM အဖွဲ့ နှင့် ပြင်သစ်အစိုးရတို့အကြား တရားစီရင်ရေး ပူးပေါင်းဆောင်ရွက်ရေး ဥပဒေ အတည်ပြု ပြဋ္ဌာန်း

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

မြန်မာအကြမ်းဖက် စစ်တပ်၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများ အပါအဝင် လူ့အခွင့် အရေး ချိုးဖောက်မှုများကို စုံစမ်းနေသော IIMM အဖွဲ့ နှင့် ပြင်သစ်အစိုးရတို့အကြား တရားစီရင်ရေး ပူးပေါင်းဆောင် ရွက်ရေး ဥပဒေကို ပြင်သစ်အောက်လွှတ်တော်က အတည် ပြု ပြဋ္ဌာန်းလိုက်ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ ပြင်သစ်အစိုးရနှင့် နှင့် ကုလသမဂ္ဂ မြန်မာအရေး လွတ်လပ်သီးခြား စုံစမ်းရေး ယန္တရား (IIMM) အကြား ချုပ်ဆိုထားသည့် နိုင်ငံတကာ တရားရေး ပူးပေါင်းဆောင်ရွက်ရေး သဘော တူညီချက်ကို ခွင့်ပြုသော ဥပဒေကို ပြင်သစ်အောက် လွှတ်တော်က တညီတညွတ်တည်း အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

IIMM နှင့် ပြင်သစ်အစိုးရအကြား သဘောတူညီချက်ကို ၂၀၂၄ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ ဂျနီဗာမြို့၌ လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာ နိုင်ငံအတွင်း ကျူးလွန်ခဲ့သည့် အလွန်ပြင်းထန်သော နိုင်ငံတကာရာဇ ဝတ်မှုများနှင့် ပတ်သက်သည့် အထောက်အထားများကို စု ဆောင်းခြင်းနှင့် မျှဝေခြင်းအတွက် တရားရေးအခြေခံဘောင်တစ်ခု ပံ့ပိုးပေးထားကြောင်း သိရှိရသည်။

အဆိုပါ အတည်ပြု လိုက်သော ဥပဒေအရ ပြင်သစ်အစိုးရနှင့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ် လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) တို့အကြား နိုင်ငံတကာ တရားစီရင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို အတည်ပြုရန် ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။

©Sebastien Muylaert/MAXPPP – Paris 23/03/2022 Ukrainian President Volodymyr Zelensky (on screen) addresses French representatives during a video conference at the Nation Assembly in Pa?ris, France. 23.03.2022
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article