ရန်ကုန်၊ ဒီဇင်ဘာ ၂၃
အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ အောင်မြင်မှုနှင့် ကျရှုံးမှုများကို သင်ခန်းစာကောင်း အဖြစ် ရယူပြီး စစ်ကိုင်းဒေသကို ပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ် ဖော်ဆောင် ရန် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရကို NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်သည်။
ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ကျင်းပသော စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သတ္တမ ပုံမှန် အစည်းအဝေး၌ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ဝင်များ အတည်ပြုခန့်အပ်နိုင်ခဲ့ ခြင်းနှင့်ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း ပြောဆိုတိုက် တွန်းလိုက်ခြင်းဖြစ်သည်။
“ကျနော်တို့အမျိုးသားညီညွတ်ရေးအစိုးရအစိုးရအနေဖြင့်လည်း အစိုးရ စုဖွဲ့မှု၊ တည် ဆောက်မှု၊ စိုးမိုး ထိန်းချုပ်နယ်မြေများ ချဲ့ထွင်မှုနှင့် အစိုးရယန္တရားများ လည်ပတ်မှု စတင်နိုင်အောင် ၅ နှစ်တာကာလ အတွင်းမှာ အဆင့်ဆင့် တည်ဆောက်ယူခဲ့ပါတယ်။ ဒီလုပ်ငန်းစဥ်များကို ပြန်လည်သုံးသပ်ရရင် အောင် မြင်သင့်သလောက် မအောင်မြင်ခဲ့တာရှိသလို အခက်အခဲစိန်ခေါ်မှုများကိုလည်း အောင်မြင်စွာ ကျော် ဖြတ်နိုင်ခဲ့တဲ့အောင်မြင်မှုတွေများစွာရှိပါတယ်။ ကျနော့်အနေနဲ့စစ်ကိုင်း ဖက်ဒရယ်ယူနစ်ကြားကာလ အစိုးရကို အထူးတိုက်တွန်းလိုတာက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အောင်မြင်မှု များနှင့် ကျရှုံးမှု များကို သင်ခန်းစာ ကောင်းအဖြစ် ရယူပြီး စစ်ကိုင်းဒေသကို ပိုမို ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်ဖြင့် ဖော်ဆောင်ပေးဖို့ တိုက်တွန်းလိုပါတယ်။” ဟု NUG အစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ က ပြော ကြားသည်။
ယနေ့ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံ အခြေ ခံ ဥပဒေ ပုဒ်မ (၆၅)၊ (၆၆)၊ (၆၉) တို့အရ ယူနစ်လွှတ်တော်၏ လုပ်ထုံး လုပ်နည်းများနှင့် အညီ စစ်ကိုင်းဖက်ဒရယ် ယူနစ် ကြား ကာလအစိုးရအဖွဲ့ဝင်များ အတည်ပြုခန့်အပ် ခြင်း ဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ခဲ့ပြီး နွေဦးတော်လှန်ရေး၏ ရည်မှန်း ချက်ပန်းတိုင်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ စနစ်တည်ဆောက်မှုလုပ်ငန်းစဥ်တွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလ အစိုးရ အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းဖက်ဒရယ်ယူနစ်သည် ဧရိယာစုစုပေါင်း ၃၆,၁၇၉.၅ စတုရန်းမိုင်ကျယ်ဝန်းပြီး တိုင်းဒေသ ကြီး ၇ ခုတွင် အကျယ်ဆုံးတိုင်းကာ မြန်မာနိုင်ငံအလယ်ပိုင်းမှ မြောက်ထိပ်စွန်းအထိ တောင်မြောက် ရှည်လျားသည့် ဒေသဖြစ်ကြောင်း၊ စစ်ကိုင်းဒေသသည် မကွေးဒေသ၊ မန္တလေးဒေသ၊ ရှမ်းပြည်၊ ကချင်ပြည်၊ အိန္ဒိယနိုင်ငံနှင့် ချင်းပြည်တို့ ဝန်းရံထားသည့် ဒေသဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းဒေသသည် စစ်အာဏာရှင်များ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် တိုက် ခိုက်မှု၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှု၊ တော်လှန်ရေး လူငယ်ရဲဘော်များကို အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်မှုများအပါအဝင် စစ်ရာဇဝတ်မှုမြောက်စွာ ကျူးလွန်ခံရသည့် ဒေသဖြစ်ပြီး လှေခွက် ချည်း ကျန် အလံမလဲ ခံယူချက်စိတ်ဓာတ်ဖြင့် အရှိန်အဟုန်တိုးမြှင့်ကာ တိုက်ပွဲဝင်နေသည့် ဒေသတစ်ခုဖြစ် ကြောင်း သိရသည်။
“ဖက်ဒရယ်စနစ်ဟာ ပြည်ထောင်စုတ၀ှမ်းလုံးမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်ထောင်စုသားတဦးချင်းစီ ရဲ့ အခွင့်တူညီမျှမှု၊ တရားမျှတမှု၊ လူသားရပိုင်ခွင့်တွေနဲ့အညီ လွတ်လပ်မှုတွေကို ခံစားနိုင်ရေး၊ လုံ ခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ လူမှုရေး၀န်ဆောင်မှုများရရှိရေး၊ မရှိမဖြစ်အခြေခံ၀န်ဆောင် မှုများ ရရှိရေး၊ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် နိုင်ငံတော်အစိုးရတွေက ကျင့်သုံးတာ၀န်ယူ ဖြည့်ဆည်းရတဲ့ လုပ်ပိုင်ခွင့်အာဏာတွေဖြစ်ပါတယ်။ အစိုးရတရပ်တည်း၊ လွှတ်တော်တရပ် တည်း ကနေ နိုင်ငံတခုလုံးစာ လွှမ်းခြုံတာ၀န်ယူအုပ်ချုပ်တဲ့ စနစ်မျိုးမဟုတ်ပဲ လုပ်နိုင်စွမ်းရှိသမျှ အချုပ် အခြာ အာဏာရဲ့ မူလပိုင်ရှင်ပြည်သူလူထုနဲ့ အနီးဆုံးအလွှာအဆင့်မှာ လုပ်ပိုင်ခွင့် အာဏာတွေကို ခွဲ၀ေကျင့်သုံးရတဲ့ စနစ် ဖြစ်ပါတယ်။ ဖက်ဒရယ်စနစ်ဟာ အထက်အောက်သဘောမရှိပဲ အလွှာအ ဆင့်အလိုက် အာဏာခွဲ၀ေထားတဲ့အတိုင်းသာ အာဏာကို ကျင့်သုံးကြရတာဖြစ်ပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။
ပြည်ထောင်စုအလွှာအဆင့်၌ ခွဲ၀ေအပ်နှင်းမည့် လုပ်ပိုင်ခွင့်အာဏာအမျိုးအစားများအ လျောက် ပြည် ထောင်စုအလွှာအဆင့်က လုပ်ပိုင်ခွင့်အာဏာများကို ပြည်ထောင်စုတ၀ှမ်းလုံးစာအတွက်လွှမ်းခြုံ တာ၀န်ယူကျင့်သုံးရမည်ဖြစ်ပြီး တပြိုင်တည်းတွင် ပြည်ထောင်စုအဖွဲ့၀င်ပြည်နယ်/ ဖက်ဒရယ်ယူနစ် အလွှာအဆင့်၌ ခွဲ၀ေအပ်နှင်းမည့် လုပ်ပိုင်ခွင့်အာဏာအမျိုးအစားများအလျောက် ပြည်နယ်/ဖက် ဒရယ် ယူနစ်အလွှာအဆင့်က လုပ်ပိုင်ခွင့်အာ ဏာများကို ပြည်နယ်/ဖက်ဒရယ်ယူနစ် များက တာ၀န် ယူကျင့်သုံးကြရမည်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ဖက်ဒရယ်စနစ်ကိုတည်ဆောက်ခြင်းသည် ပြည်ထောင်စုအာဏာနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ် အာဏာများကို တပြိုင်တည်း တည်ဆောက်ကာ ဟန်ချက်အညီဆုံးဖြစ်စေရန် ပူး ပေါင်းလက်တွေ့ လည်ပတ်နိုင်မှသာ ဖက်ဒရယ်စနစ် ပိုမိုအားကောင်းခိုင်မာမည်ဖြစ် ကြောင်း အသိပေးထားသည်။
“ကျနော်တို့ အတူတည်ဆောက်နေတဲ့ မြန်မာနိုင်ငံရဲ့ဖက်ဒရယ်စနစ်စတင်ပျိုးထောင်တည် ဆောက် ရာမှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ယနေ့ပေါ်ထွန်းလာမယ့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာ လ အစိုးရတို့အကြား ဟန်ချက်အညီဆုံးဖြစ်အောင် ပူးပေါင်းဆောင် ရွက်နိုင်ရေးဟာ အထူး အရေးကြီး လှပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်ပြီး ဖက်ဒယ်စနစ်ကို အတူတကွတည်ဆောက် ကြရာမှာ တော် လှန်ရေးကာလ/ကြားကာလအတွင်းမှာ တည် ဆောက်ကြရတာဖြစ်တာကြောင့် ပုံမှန်အခြေအနေမှာ တည်ဆောက်တဲ့ ဖက်ဒရယ်အစိုးရ အနေအထားမျိုးထက်ပိုမို အားစိုက်ထုတ်ပြီး ညီညွတ်မှုအခြေခံနဲ့ အောင်မြင်အောင် လက်တွဲလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဖက်ဒရယ်စနစ်ကို အောင်အောင်မြင်မြင် တည် ဆောက်လာနိုင်ခြင်းအားဖြင့် မြန်မာပြည်သူတွေရဲ့ တော်လှန်ရေးကြီးကို ခေတ်ပြောင်း စ နစ် ပြောင်း တော်လှန်ရေးကြီးဖြစ်ကြောင်း ပိုမိုခိုင်မာစွာ နိုင်ငံတကာကို လက်တွေ့ ချပြနိုင်မှာ ဖြစ်ပါ တယ်။” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။




