23 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၃၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၃၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

မကွေးတိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ မြို့သိမ်းတိုက်ပွဲဆင်နွဲနေတဲ့ ဆင်ဖြူကျွန်းမြို့ကို စစ်ကူလက်နက်ခဲယမ်းပို့ဖို့ဆိုပြီး ရောက်လာတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ ယာဉ်တန်းကိုပါ တော်လှန်ရေး ပူးပေါင်းတပ်တွေက ဖြတ်တောက်ဟန့်တား တိုက်ခိုက်ခြေမှုန်းလိုက်ရာမှာ စစ်တပ်ဘက်က စစ်သား ၄၅ ဦးထက်မနည်း အသီးသီး သေကုန်ကြတဲ့အပြင် ၊ စစ်ကား ၅ စီးပါ ပေါက်ကွဲပျက်ဆီး မီးလောင်ပြာကျ သွား ပြီနောက် စစ်သားတွေအကုန်လုံး ဆုပ်ခွာထွက်ပြေးသွားကြတယ်လို့ မကွေးတိုင်း၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ နေရာတော်တော်များများမှာ တိုင်းရင်းသားတပ်တွေအပါအဝင် တော်လှန်ရေးပူး ပေါင်းတပ် တွေက တိုက်ပွဲတွေ အရှိန်မြှင့်တင်လာတဲ့အချိန် မှာပဲ တိုင်းရင်းသား ခေါင်းဆောင်တွေ ပိုမို ပါဝင်တဲ့ အသွင်ကူးပြောင်းရေးကာလအစိုးရနဲ့ NUG အစိုးရကို အစားထိုးနိုင်အောင် ဆောင်ရွက်နေ တယ်လို့ NUG ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ပြောဆိုလာပါတယ်။

မကွေးတိုင်းက ဂန့်ဂေါမြို့နယ်မှာ Yawland Operation စစ်ဆင်ရေးအနေနဲ့ အကြမ်းဖက် စစ်တပ်နဲ့ ပျူစောထီးတွေ တပ်စွဲထားရာ ပျူစောထီးကျေးရွာ တစ်ရွာကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article