25 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အမေရိကန်အစိုးရက ဗင်နီဇွဲလား သမ္မတနီကိုလပ်စ် မာဒူရိုနှင့်ဇနီးကို မူးယစ်မှောင်ခိုမှုတွေနှင့်ဆက်စပ်ပြီး အမေရိကန်ဝင်ရောက်ဖမ်းဆီးသလိုမျိုး ကျားဖြန့်၊ မူးယစ်ဆေးဝါးနှင့်စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေသူ မင်းအောင်လှိုင်ကိုလည်း ဝင်ရောက်ဖမ်းဆီးမှုမျိုး မြန်မာပြည်သူတွေ လိုလားတယ်ဆိုတာကို လူမှုကွန်ရက်တွေမှာ မြန်မာပြည်သူအများစုက ထုတ်ဖော် ရေးသားနေကြပါတယ်။

နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ကင်းပုန်းကို တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၂၃ ယောက် သေဆုံးခဲ့တယ်လို့ မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့ (Myaylatt Bamar Defense Force) ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

-မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ခြမ်း ၊ စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်မှာရှိတဲ့ နယ်မြေတချို့ ယာယီဆုတ်ပေးလိုက်ရပြီး ပြန်လည်သိမ်းပိုက်နိုင်ဖို့နှင့် အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းဖို့ ဆက်လက် တိုက်ပွဲဝင်မယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article