29 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-ကရင်နယ်ခြားစောင့်တပ်(BGF) တွေက ကရင်အမျိုးသားတပ်မတော်(KNA) ကို ဘက်တံဆိပ်ပြောင်းလဲသွား ပြီးတဲ့နောက် ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့ KNA တပ်တွေကို ယုံကြည်လို့ မရနိုင်တာကြောင့် စစ်ရေးနှင့် လုံခြုံရေး အထူးသတိ ပြုကြဖို့ကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်က လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့တွေကို ညွှန်ကြားလာတယ်လို့ စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

-စစ်ကိုင်းတိုင်း၊ ဝန်းသို့မြို့မှာရှိတဲ့ စစ်တပ်တပ်ရင်းတွေနှင့် တပ်စခန်းတွေကို တိုက်ခိုက်မယ့်အတွက်ကြောင့် ပြည်သူတွေအနေနဲ့ ၄ ရက်အတွင်း မြို့ကနေ ထွက်ခွာပေးကြဖို့ ပန်ကြားပါတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ကောလင်းခရိုင် အမှတ် ၄ တပ်ရင်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

ပဲခူးတိုင်း၊ ဆွာမြို့နယ်၊ စည်ပိုင်းကျေးရွာအနီး တိုက်ပွဲမှာ အကြမ်းဖက် စစ်တပ် လက်အောက်ခံ PLO တပ်ဖွဲ့ဝင်တွေ သေဆုံးတဲ့ ရုပ်အလောင်းတွေကို စစ်တပ်က ဓာတ်ပုံ ရိုက်ပြီး PDF တပ်ဖွဲ့ဝင်တွေ ကျဆုံးတာ ပါဆိုပြီး လိမ်လည်ဝါဒဖြန့်နေတယ်လို့ နေပြည်တော် PDF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်ကို‌ ပြောပါတယ်။

-အိမ်နီးချင်း ဗီယက်နီဇွဲလားသမ္မတကို အမေရိကန်က ဝင်ရောက်ဖမ်းဆီးလိုက်ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့အတွက် သူကိုယ်တိုင် “လက်နက်ပြန်ကိုင်ဖို့ အသင့်ပဲ” လို့ ကိုလံဘီယာသမ္မတ ဂူစတာဗို ပတ်ထရို က ဇန်နဝါရီ ၅ ရက်မှာ ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article