24 C
Yangon

မြန်မာစစ်တပ်က ကျူးလွန်ထားသော ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် ICJ တရားရုံးတွင် အမှုရင်ဆိုင်ရန် ကိုကိုလှိုင်နှင့်အဖွဲ့ထွက်ခွာ၊ စစ်တပ်က မြန်မာနိုင်ငံနှင့် မြန်မာပြည်သူကို ကိုယ်စားမပြုဟု NUG က ကြေညာ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၀

မြန်မာစစ်တပ်က ကျူးလွန်ထားသော ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် အပြည်ပြည်ဆိုင်ရာ တရားရုံး-ICJ တွင် အမှုရင်ဆိုင်ရန် အကြမ်းဖက်စစ်တပ်၏ ကိုယ်စားလှယ် ကိုကိုလှိုင်နှင့်အဖွဲ့ထွက်ခွာသွားကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။

နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ဇန်နဝါရီ ၁၂ ရက်နေ့မှ စတင်ပြု လုပ်မည့် ကြားနာပွဲသို့တက်ရောက်ရန် ကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီး ဒေါက်တာသီတာဦးတို့ခေါင်း ဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီလ ၉ ရက်နေ့ ရန်ကုန်မြို့မှ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့သို့ ထွက်ခွာသွားကြောင်း သိရှိရသည်။

ICJ တရားရုံးကြားနာပွဲကို ဇန်နဝါရီ ၁၂ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ဇန်နဝါရီ ၁၆ ရက်မှ ၂၀ ရက်အထိလည်းကောင်း၊ ဇန်နဝါရီ ၂၈ ရက်မှ ၂၉ ရက်အထိလည်းကောင်း မြန်မာစစ်တပ်က နှစ်ကြိမ်လျှောက်လဲမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာစစ်တပ်၏ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်သည့်အမှုကို ယခု ဇန်နဝါရီလအတွင်း ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ တရားရုံး-ICJ က ပြန်လည် ကြားနာမည်ဖြစ်ကြောင်း ICJ က တရားဝင် သတင်းထုတ်ပြန်ထားသည်။

ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟူသော စွပ်စွဲ ချက်ဖြင့်ပတ်သက်၍ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားသည့်အမှုကို လာမည့် ဇန်နဝါရီလ ၁၂ ရက်မှ ၂၉ ရက်အထိ ကြားနာသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဇန်နဝါရီ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ အထိ အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ ထောက်ခံမှုဖြင့် အမှုကို စတင်တိုင်ကြားခဲ့သည့် ဂမ်ဘီယာ (Gambia) က အမှုနှင့်ပတ်သက်သော အချက်အလက်များကို ICJ တရားရုံးတွင် တင်ပြမည်ဖြစ်သည်။

ဇန်နဝါရီ ၁၆ရက်နေ့မှ ၂၀ ရက်နေ့ အထိ ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခြင်းမရှိကြောင်း မြန်မာစစ်တပ်က ပြန်လည် ချေပမည်ဖြစ်သည်။

ICJ ကမ္ဘာ့တရားရုံးက သက်သေများကို ကြားနာရန် ၃ ရက်တာ သတ်မှတ်ထားပြီး အဆိုပါ ကြားနာမှုများကို လူထုနှင့် မီဒီယာများကို ပေးမဝင်ဘဲ တံခါးပိတ် ကြားနာမည်ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်၏ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇၃၀,၀၀၀ ခန့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရပြီး၊ ထိုစစ်ဆင်ရေးတွင် “လူမျိုးတုံးသတ်ဖြတ်မှု မြောက်သည့် လုပ်ရပ်များ” ပါဝင်နေကြောင်း ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့က ကောက်ချက်ချခဲ့သည်။

မြန်မာနိုင်ငံကမူ ဤတွေ့ရှိချက်များသည် “ဘက်လိုက်ပြီး ချို့ယွင်းချက်ရှိနေသည်” ဟု ပယ်ချခဲ့ကာ၊ ၎င်းတို့၏ နှိမ်နင်းမှုမှာ တိုက် ခိုက်မှုများ ပြုလုပ်ခဲ့သည့် သူပုန်များကိုသာ ရည်ရွယ်ခြင်းဖြစ်သည်ဟု ငြင်းဆိုထားသည်။

အဆိုပါအမှုကို ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် (Genocide Convention) အရ တရားစွဲဆိုထားခြင်းဖြစ်ပြီး အဆိုပါ စာချုပ်အရ လူမျိုးတုံးသတ်ဖြတ်မှုဆိုသည်မှာ “နိုင်ငံသား၊ လူမျိုးစု၊ မျိုးနွယ်စု သို့မဟုတ် ဘာသာရေးအုပ်စု တစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ဖျက်ဆီးပစ်ရန် ရည်ရွယ်ချက်ဖြင့် ကျူးလွန်သော လုပ်ရပ်များ” ကို ဆိုလိုခြင်းဖြစ်သည်။

တရားလို ဂမ်ဘီယာနိုင်ငံနှင့်အတူ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီနှင့် ယူကေနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၁ ခုက တရားလိုနိုင်ငံများ အဖြစ် ပူးပေါင်းပါဝင်လာကြသည်။

ဂမ်ဘီယာက မြန်မာနိုင်ငံရှိ လူနည်းစုမွတ်စလင်အုပ်စုဖြစ်သည့် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်သည်ဟု စွပ်စွဲကာ ICJ တွင် မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ်တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ၇၃၀,၀၀၀ ဦးကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မောင်းထုတ်ခဲ့သည့် ၂၀၁၇ ခုနှစ် စစ်ရေးလှုပ်ရှားမှုတွင် “လူမျိုးတုံးသတ်ဖြတ်မှု” ပါဝင်ကြောင်း ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်က ထုတ်ပြန်ကောက်ချက်ချထားသည်။

မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှုကို ငြင်းဆိုထားပြီး ကုလသမဂ္ဂ၏ တွေ့ရှိချက်များကို “ဘက်လိုက်မှုနှင့် ချို့ယွင်းချက်” အဖြစ် ငြင်းဆိုထားပြီး စစ်တပ်က ၎င်း၏ ဖြိုခွင်းမှုမှာ ရိုဟင်ဂျာ သူပုန်များကို တိုက်ခိုက်ရန် ရည်ရွယ်သည်ဟု ထုတ်ပြန်ပြောဆိုထားသည်။

၂၀၂၂ ခုနှစ် ဇူလိုင်လတွင် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ တရားစွဲမှုအပေါ် မြန်မာ၏ကန့်ကွက်ချက်ကို ကမ္ဘာ့တရားရုံးက ပယ်ချခဲ့ပြီး အမှုကို ဆက်လက်ကြားနာစစ်ဆေးနေဆဲဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကမူ နိုင်ငံတကာတရားရုံး ICJ တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွဲဆိုထားသော အမှုဆိုင်ရာ ကြားနာမှုများနှင့် ပတ်သက်၍ အကြမ်းဖက် စစ်တပ်၏ တင်ပြချက်များသည် မြန်မာပြည်သူများ၏ ဆန္ဒကို ကိုယ်စားမပြုကြောင်း ယမန်နေ့ ဇန်နဝါရီလ ၉ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်သည်။

နိုင်ငံတကာတရားရုံး ICJ က ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံအမှုဆိုင်ရာ လုပ်ငန်းစဉ်၏ နောက်တစ်ဆင့်အဖြစ် ဇန်နဝါရီလ ၁၃ ရက်နေ့မှစတင်ကာ ကြားနာမှုများ ပြုလုပ်တော့မည်ဖြစ်ကြောင်း၊ ထိုကြားနာမှုများသည် ရိုဟင်ဂျာပြည်သူများအတွက်သာမက မြန်မာနိုင်ငံ၏ အနာဂတ်အတွက်ပါ အလွန်အရေးကြီးကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG သည် မြန်မာနိုင်ငံပြည်သူများကို ကိုယ်စားပြု၍ နိုင်ငံ တကာတရားရုံး ICJ ၏ တရားစီရင်ပိုင်ခွင့်ကို လက်ခံကြိုဆိုခဲ့ပြီး၊ ယခင်တင်ပြထားသည့် ပဏာမကန့်ကွက်ချက်များအားလုံးကိုလည်း ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း ထည့်သွင်းပြောကြားထားသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ အတိတ်ကာလအတွင်း ပျက်ကွက်မှုများကြောင့် ရိုဟင်ဂျာများ၊ ရခိုင်တိုင်း ရင်းသားများနှင့် အခြားလူနည်းစုအသိုင်းအဝိုင်းများအပေါ် ဆိုးရွားသော ရက်စက်ကြမ်းကြုတ်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ထိုကဲ့သို့သော ရာဇဝတ်မှုများ နောက်ထပ်မဖြစ်ပွားစေရန်နှင့် ပြည်သူအားလုံး ငြိမ်းချမ်းစွာ အတူတကွ နေထိုင်နိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြောင်းလဲမှုများကို ဆောင်ရွက်ရန် အပြည့်အဝ ကတိပြုကြောင်း ဖော်ပြထားသည်။

တရားရေးယန္တရား ခိုင်မာခြင်းသည် မြန်မာစစ်တပ်နှင့် ပြည်သူများအကြား အချိန်ကြာမြင့်စွာ ဖြစ်ပွားနေသော ပဋိပက္ခကို အပြီးသတ်ဖြေရှင်းနိုင်မည့် အခြေခံအုတ်မြစ်တစ်ခုဖြစ်ကြောင်း ယုံကြည်ပြီး၊ ICJ အပါအဝင် နိုင်ငံတကာတရားမျှတရေး ယန္တရားများသည် တရားမျှတပြီး တည်တံ့သော ငြိမ်းချမ်းရေးအတွက် အရေးပါသော မိတ်ဖက်များဖြစ်ကြောင်း NUG က ဆိုသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှစ၍ ICJ တွင် မြန်မာနိုင်ငံကို တရားဝင်ကိုယ်စားပြုရန် တစ်ခုတည်းသော အဖွဲ့အစည်းမှာ အမျိုးသားညီညွတ်ရေးအစိုးရသာလျှင်ဖြစ်ကြောင်း ICJ နှင့် နိုင်ငံတကာအသိုင်းအဝိုင်းကို ရှင်းလင်းစွာ အသိပေးထားကြောင်း၊ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် ယာယီဒုတိယသမ္မတက ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဤအမှုတွင် ဖြည့်စွက်အစားထိုး ကိုယ်စားလှယ် (additional alternate agent) အဖြစ် ခန့်အပ်ခဲ့ပြီး၊ ထိုခန့်အပ်မှုကို သံအမတ်ကြီးက ICJ သို့ တရားဝင် အသိပေးခဲ့ပြီးဖြစ်ကြောင်း NUG က ဆက်လက်ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်သည် ကုလသမဂ္ဂ အထွေထွေညီလာခံမှ အသိအမှတ်မပြုထားသည့် အဖွဲ့ဖြစ်ပြီး ပြည်သူများ၏ ထောက်ခံမှုလည်း မရှိကြောင်း၊ ထို့ကြောင့် အကြမ်းဖက်စစ်တပ်သည် မြန်မာနိုင်ငံကို ကိုယ်စားပြု၍ ICJ တွင် ပြောဆိုခွင့် မရှိကြောင်း၊ အကြမ်းဖက်စစ်တပ်မှ ပြည်သူများအား နိုင်ငံတကာ ရာဇဝတ်မှုများ၊ အကြမ်းဖက်မှုများ၊ မဲဆန္ဒရှင်များအား ခြိမ်းခြောက်မှုများနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့်ကာလတွင် ပြုလုပ်နေသည့် “အတုအယောင်ရွေးကောက်ပွဲ” သည် ၎င်းတို့၏ တရားဝင်မှုမရှိခြင်းကို ပိုမိုထင်ရှားစေပြီး၊ အကြောက်တရား၊ ကန့်သတ်ခြင်းနှင့် စစ်ရာဇဝတ်မှုများအောက်တွင် ဆောင်ရွက်သည့် ဤလုပ်ငန်းစဉ်မှ အစိုးရသဖွယ် တရားဝင်မှုကို မည်သည့်အဖွဲ့အစည်းမှ မရနိုင်ကြောင်းလည်း ဖော်ပြထားသည်။

အကြမ်းဖက်စစ်တပ်ကို ICJ တရားရုံးတွင် မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် ပေးခြင်းသည် ရိုဟင်ဂျာပြည်သူများနှင့် မြန်မာပြည်သူအားလုံး၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော လုပ်ရပ်ဖြစ်သဖြင့် ICJ အနေဖြင့် မြန်မာပြည်သူများ၏ အသံကို နားထောင်ရန် တိုက်တွန်းထားပြီး၊ ဂမ်ဘီယာ-မြန်မာ တရားစွဲဆိုမှုများနှင့် စပ်လျဉ်းသည့် လုပ်ပိုင်ခွင့်အားလုံးသည် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့်သာ သက်ဆိုင်ပြီး၊ တရားမဝင် အကြမ်းဖက်စစ်တပ်၏ တင်ပြချက်များသည် မြန်မာပြည်သူများ၏ ဆန္ဒကို ကိုယ်စားပြုခြင်း မဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က အသိပေး ထုတ်ပြန်ထားသည်။

Abubacarr Tambadou, Minister of Justice of The Gambia (R) waves to a representative of the Rohingya community prior to the ruling of the International Court of Justice in The Hague, on January 23, 2020 in the lawsuit filed by The Gambia against Myanmar in which Myanmar is accused of genocide against Rohingya Muslims. – The UN’s top court ordered Myanmar on January 23 to take “all measures within its power” to prevent alleged genocide against Rohingya Muslims. The International Court of Justice granted a ser
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article