27 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၁၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-ပဲခူးတိုင်း၊ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ဖြူးမြို့နယ်၊ ဆားဂွန်းစစ်တပ်စစ်ဆေးရေးစခန်းကို တော်လှန် ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်တာကြောင့် တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတယ်လို့ ဒေသခံပြည်သူတွေနှင့် တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ထိန်တပင်ကျေးရွာနှင့် ကလိမ်ခင်ကျေးရွာမှာရှိတဲ့ အကြမ်းဖက် စစ်တပ် စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တောကျီးကန်းစစ်ကြောင်းရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

-မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ယောဒေသထဲက ပျူစောထီးရွာတွေနှင့် စစ်တပ် စခန်းတွေကို တပြိုင်တည်း တိုက်ခိုက် သိမ်းပိုက်ခဲ့ရာမှာ အကြမ်းဖက် စစ်တပ်ဘက်က ၄၂ ယောက် သေဆုံးပြီး သေနတ် ၈ လက်နှင့် ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဂန့်ဂေါခရိုင်စစ်ဌာနရဲ့ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။

အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ်၊ မင်နီယာပိုလစ်မြို့မှာ အသက် ၃၇ နှစ်အရွယ် သားသမီး ၃ ဦးရဲ့ မိခင် ရေနေးဂွတ်ဒ် (Renee Good) ကို အမေရိကန်လူဝင်မှုကြီးကြပ်ရေး-ICE အေးဂျင့်တစ်ဦးက သေနတ်နဲ့ ပစ်သတ်လိုက်တဲ့အတွက် ထောင်နဲ့ချီတဲ့ ပြည်သူတွေ လမ်းမပေါ်ထွက် ဆန္ဒပြနေကြတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article