ဒီကနေ့ ဇန်နဝါရီ ၁၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ရဲ့ ရိုဟင်ဂျာ လူမျိုးတုန်းသတ် ဖြတ်မှုမှာ သီတဂူ၊ ဝီရသူ အပါအဝင် မဘသ ဘုန်းကြီးတွေ ပါဝင်ပတ်သက်နေတယ်ဆိုတာကို အပြည်ပြည်ဆိုင်ရာ တရားရုံး -ICJ ကို ဂမ်ဘီယာနိုင်ငံရှေ့နေ Arsalan Suleman က တရားဝင်တင်ပြလိုက်ပါတယ်။
အာဏာသိမ်းစစ်အုပ်စုရဲ့ ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပပြုလုပ်နေချိန် ရန်ကုန်မြို့လယ်ခေါင်မှာ ရွေးကောက်ပွဲဆန့်ကျင်ကြောင်း တစ်ကိုယ်တော် ဆန္ဒပြခဲ့တဲ့ လူငယ်တဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
-မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း -ပဒါန်းလမ်းပိုင်းနှင့် ပုသိမ် -မုံရွာလမ်းမကြီး တဝိုက်တို့မှာ အလင်း ဝင်ခဲ့တဲ့ စစ်သား ၁၃ ယောက်ဟာ ကျောင်းသားလက်ရုံးတပ်တော်ရဲ့ ရဲဘော်တွေအဖြစ် တာဝန်ထမ်းဆောင် နေတယ်လို့ ကျောင်းသားလက်ရုံး တပ်တော် အထွေထွေအတွင်းရေးမှူး ၂ နွေညိမ်းက ရန်ကုန် ခေတ်သစ်ကိုပြောပါတယ်။
-အီရန်နိုင်ငံနဲ့ ဆက်လက်ပြီး စီးပွားရေးအရ ဆက်ဆံနေတဲ့ ဘယ်နိုင်ငံမဆို အမေရိကန်ပြည်ထောင်စုနဲ့ ကုန်သွယ်မှုအားလုံးမှာ အပြစ်ပေးတဲ့အနေနဲ့ အခွန်ကောက်ခံသွားမယ်လို့ ထရန့်က ပြောလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




