ဒီကနေ့ ဇန်နဝါရီ ၁၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အမေရိကန်နိုင်ငံမှာ မြန်မာနိုင်ငံသားတွေကို ယာယီခိုလှုံခွင့် (TPS) ပြန်လည်ပေးအပ်ဖို့အတွက် ဥပဒေမူကြမ်းတစ်ရပ်ကို ဒီမိုကရက်နဲ့ရီပတ်ဘလစ်ကန်ပါတီ ၂ ခုစလုံးရဲ့ လွှတ်တော်အမတ် ၆ ဦးက တင်သွင်းလိုက်တယ်လို့ လွှတ်တော်အမတ်တွေက တရားဝင် ထုတ်ပြန်ကြေညာလာပါတယ်။
အကြမ်းဖက် စစ်တပ်လက်အောက်ခံဖြစ်ခဲ့တဲ့ KNA ဘက်တံဆိပ်ပြောင်း BGF စခန်း ၂ ခုကို စစ်တပ်ကပဲ လေကြောင်းကနေ ပြန်လည် ဗုံးကျဲတိုက်ခိုက်သွားပြီး KNA တပ်သား ၁ ဦး သေသွားတယ်လို့ ကရစ်စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်က ရန်ကုန်-ပြည်လမ်းအနီးမှာပါ အကြမ်းဖက် စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား ဒီကနေ့ မနက်အစောပိုင်းကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံပြည်သူတွေက ပြောထားသလို ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်ကလည်း ပြောထားပါတယ်။
အီရန်နိုင်ငံအတွင်းမှာရှိတဲ့ အမေရိကန်နိုင်ငံသားတွေကို နိုင်ငံထဲကနေ ချက်ချင်းထွက်ခွာဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးလိုက်ပြီး အီရန်ကို စစ်ရေးအရ အရေးယူမယ် မယူဘူးဆိုတာ အမေရိကန်သမ္မတ ထရန့်က ဆုံးဖြတ်ဖို့သာကျန်တော့ဆိုတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။




