31 C
Yangon

မြင်းခြံ-ပုဂံညောင်ဦး လမ်းပိုင်း တမိုက်သာကျေးရွာရှိ အကြမ်းဖက် စစ်တပ် ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၈

မန္တလေးတိုင်း၊ တောင်သာမြို့နယ် မြင်းခြံ-ပုဂံ ညောင်ဦး လမ်းပိုင်း တမိုက်သာကျေးရွာရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ်၃ တပ်ရင်း မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် တောင်သာမြို့နယ် မြင်းခြံ-ပုဂံညောင်ဦး လမ်းပိုင်း တမိုက်သာကျေးရွာရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကို မြင်းခြံခရိုင် အမှတ်၃ တပ်ရင်း မှ ရဲဘော်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် တိုက်ပွဲဖြစ်ပွားရာ တမိုက်သာရွာဘက်ကို သီတာယုမွန် ပျူစောထီးအဖွဲ့က မြင်းခြံမြို့ဘက်မှ ကား ၃ စီးဖြင့် ထွက်လာစဉ် တော်လှန်ရေးတပ်ဖွဲ့များက ထပ်မံ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု ကား ၂ စီးမိုင်းထိမှန်ခဲ့ပြီး ပျူစောထီးများ ထိခိုက်မှုအခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“စစ်ခွေးသေစာရင်း တပ်ထိုး သေဆုံးတာမျိုး မသိရသေးဘူး။ ဒဏ်ရာရတဲ့ထဲက ထပ်သေတာမျိုးတော့မရှိသေးဘူး။ စစ်ခွေး အင်အားက ၅၀ ကျော်တယ်။ စစ်ခွေးဘက်က လက်နက် ခဲယမ်းတွေ သိမ်းဆည်းရမိတာမျိုး မရှိပါဘူး။မြင်းခြံက စစ်ကူက ထွက်လာတာတော်တော်မြန်တယ်။ စစ်ခွေး ၃ ဦးကတော့ နေရာတင် ပွဲချင်းပြီးသေဆုံးသွားတယ်”ဟု မြင်းခြံခရိုင် အမှတ်၃ တပ်ရင်း မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ်၃ တပ်ရင်း မှ ရဲဘော်များ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်သွားနိုင်ခဲ့ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article