28.2 C
Yangon

ပြင်ဦးလွင်မြို့နယ်တွင် မင်းအောင်လှိုင်၏ သားဖြစ်သူ အကောင် အထည်ဖော်နေသော ရတနာပုံမြို့သစ်စီမံကိန်းတွင် စစ်ကော်မရှင်အဖွဲ့ဝင်များနှင့် ဗိုလ်ချုပ်များအတွက် ဂရန်ထွက်ပြီး မြေကွက်များ ချထားပေး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၉

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် မင်းအောင်လှိုင်၏ သားဖြစ်သူ အကောင် အထည်ဖော်နေသော ရတနာပုံမြို့သစ်စီမံကိန်း ခေါ် New Mandalay Resort City စီမံကိန်း တွင် ဗိုလ်ချုပ်များကို ဂရန်ထွက်ပြီး မြေကွက်သစ်များကို မင်းအောင်လှိုင်က ချထားပေးနေကြောင်း ပြင်ဦးလွင်အခြေစိုက် သတင်းရင်းမြစ်များက ပြောဆိုသည်။

မင်းအောင်လှိုင်၏ အမိန့်ဖြင့် ပြန်လည် အကောင်အထည်ဖော်နေပြီး သားဖြစ်သူ အောင်ပြည့်စုံက လုပ်ပိုင်ခွင့်ရရှိထားသော ရတနာပုံမြို့သစ်စီမံကိန်းအတွင်း ခြံကွက်နှင့်မြေကွက်များကို ဗိုလ်ချုပ်များကို ဂရန်ထွက်ပြီး ချက်ချင်း ချထားပေးနေခြင်းဖြစ်ကြောင်း၊ ယင်းစီမံကိန်းအတွင်းတွင် ရတ နာ ပုံမြောက်ပိုင်းအိမ်ရာကိုလည်း မင်းအောင်လှိုင်၏သား အောင်ပြည့်စုံက အကောင်အထည်ဖော်နေကြောင်း သိရှိရသည်။

“မြေကွက်တွေ အကွက်ကြီးတွေ ဗိုလ်ချုပ်ကြီးတွေ နာမည်တွေနဲ့ ဂရန်တွေ ချပေးနေတာ။ ဗိုလ်ချုပ်အဟောင်းတွေရော အသစ်တွေရော အကုန်ချထားပေးတာ။ ဝယ်ချင်တဲ့သူတွေက အဲဒီအကွက်ကြီးတွေထဲမှာ ဘယ်လောက်ဖဲ့ရောင်းမလဲဆိုတာ သွားပြီး မေးရတာ။ သိန်းကတော့ ထောင်ချီစျေးပေါက်တယ်။ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ လာမယ်ဆိုပြီး သတင်းတွေထွက်လို့ အဝယ်လိုက်နေတယ်” ဟု ပြင်ဦးလွင်မြို့အခြေစိုက် သတင်းရင်းမြစ်က ရှင်းပြသည်။

ရတနာပုံမြို့သစ်စီမံကိန်းတွင် အောင်ပြည့်စုံက အိမ်ရာစီမံကိန်းအပြင် မြို့သစ်စီမံကိန်းတစ်ခုလုံး၏ ရေ၊မီး၊ လမ်းနှင့် အခြေခံ အဆောက်အအုံမျးာကို တည်ဆောက်ခွင့်ရရှိထားကြောင်း သိရှိရသည်။

မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာအနီးရှိ မြေဧက ၁ သောင်းတွင် ရတနာပုံမြို့သစ်စီမံကိန်းကို ၂၀၁၆ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ဆက်လက် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေစဉ် ရပ်ဆိုင်းခဲ့ကြောင်း၊ NLD အစိုးရက အထက်မြန်မာပြည် အစိမ်းရောင်နှင့် နည်းပညာဖွံ့ဖြိုးရေး ဗဟိုပြု အပန်းဖြေဝန်ဆောင်မှုမြို့သစ် ဖန်တီးရန် ရည်ရွယ်ချက်ဖြင့် အဆိုပါ စီမံကိန်းကို စတင်ခဲ့သော်လည်း ၂၀၂၀ ခုနှစ်တွင် ပြန်လည် ရပ်ဆိုင်းခဲ့ကြောင်း သိရှိရသည်။

ယခုအခါ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရတနာပုံမြို့သစ်စီမံကိန်းကို ပြန်လည် စတင်ခိုင်းနေပြီး ဆောက်လုပ်ရေးဝန်ကြီး ဦးဆောင်သော အဖွဲ့ဝင် ၁၂ ဦးပါ ရတနာမြို့သစ်စီမံကိန်း ကြီးကြပ်မှု ကော်မတီကိုယခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့ ဖွဲ့စည်းခဲ့ကြောင်း၊ ယင်းစီမံကိန်းတွင် စစ်တပ်နှင့်နီးသော ခရိုနီများ လုပ်ကိုင်ခွင့်ရရှိမည့်အပြင် လတ်တလော မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံက ဆေးရုံ၊ လမ်းနှင့် အခြေခံအဆောက်အအုံများ တည်ဆောက်ခွင့်ရရှိထားကြောင်း သိရှိရသည်။

“ရတနာပုံမြို့သစ်စီမံကိန်း က NLD အစိုးရလက်ထက်မှာ ယာယီရပ်ဆိုင်းသွားတဲ့ စီမံကိန်းပါ။ အဲဒါကိုတော့ အခု ပြန်စဖို့ လုပ်နေပြီ။ ယခင်ဆောင်ရွက်ထားတဲ့ စီမံကိန်းကိုပဲ ပြန်လည်ပြီးတော့ နိုင်ငံ တော် စီမံကိန်းအဖြစ်နဲ့ ပြန်လည်စတင်တာပါ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ပြင်ဦးလွင်မြို့ကို အထက် မြန်မာပြည်၏ အစိမ်းရောင်နှင့်နည်းပညာ ဖွံ့ဖြိုးရေးဗဟိုပြု အပန်းဖြေဝန် ဆောင်မှုမြို့ (Green and Smart City) ဖန်တီးရန်ဖြစ်ပြီး ရည်ရွယ်သော အဆိုပါ ရတနာပုံမြို့သစ်စီမံကိန်းကို မြို့ပြစီမံချက်များလည်း ရေးဆွဲပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရှီရသည်။

ရတနာပုံမြို့သစ်စီမံကိန်းတွင် စိုက်ပျိုးရေးကို အခြေခံသော Agro-Based Industrial Zone Research and Development Center တစ်ခု ထူထောင်ရန် ၊ Education and Health Services/ Tourism Center ပါဝင်မည်ဖြစ်ပြီး ဆေးရုံများလည်း ပါဝင်ဖြစ်ကြောင်း ၊ ယခင် NLD အစိုးရလက်ထက်က စီမံကိန်း ၃ ပိုင်း ပါဝင်ပြီး စီမံကိန်းအဆင့် ၁ တွင် ဧက ၂၂၀၀ ပါဝင်ကြောင်း၊ စီမံကိန်း အပိုင်း ၂ တွင် ၂၉၁၉ ဧက ပါဝင်ပြီး စီမံကိန်းအပိုင်း ၃တွင် ၄၇၄၄ ဧက ပါဝင်ကာ စက်မှုဇုန်များ၊ အဆင့်မြင့် လူနေ အိမ်ရာ၊ တန်ဖိုးမျှတအိမ်ရာ ၊ ဂေါက်ကွင်း ၊ စိုက်ပျိုးရေးဇုန်နှင့် AGRO PARK ဧရိယာများ ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

ရတနာပုံမြို့သစ်စီမံကိန်းသည် ၂ဝ၁၆ခုနှစ်တွင် စတင်အကောင် အထည်ဖော်ခဲ့သော်လည်း မအောင်မြင်သောကြောင့် ၂ဝဝဝပြည့်နှစ်ကာလအတွင်း ရပ်ဆိုင်းသွားသော စီမံကိန်းတစ်ခုဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article