26 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၁၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရုရှားက မြန်မာ အကြမ်းဖက် စစ်တပ်နဲ့ ချုပ်ဆိုထားတဲ့ ရင်းနှီးမြှုပ်နှံမှုသဘောတူ စာချုပ်ကို အခုမှသာ ရုရှား လွှတ်တော်ကို အတည်ပြုချက်ရဖို့ တင်ပြပြီး ၊ မင်းအောင်လှိုင် သဲကြီးမဲကြီး ဖြစ်ချင်နေတဲ့ ရုရှားဘက်က မြန်မာနိုင်ငံမှာ နူကလီးယားစီမံကိန်းလုပ်ဖို့တွေ အပါအဝင် ရုရှား ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာမှာ လုပ်ဖို့အတွက်တော့ နှေးကွေးနေဆဲဖြစ်တယ်လို့ UMFCCI စီးပွားရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မြန်မာစစ်တပ်ကို တရားစွဲတိုင်ကြားတဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့နဲ့ NUG ကို တီမောနိုင်ငံ သမ္မတက တွေ့ဆုံခဲ့မှုအပေါ် အာဆီယံအခြေခံမူ ကတိချိုးဖောက်မှုဆိုပြီး အကြမ်းဖက် မြန်မာ စစ်တပ်က ပြင်းပြင်းထန်ထန် ထပ်မံ ကန့်ကွက်တုံ့ပြန်နေပါတယ်။
  • အကြမ်းဖက် စစ်တပ် ထိန်းချုပ်ထားတဲ့ တောင်ကြီးမြို့ပေါ်က အောင်မြေသစ် ကိုယ်ပိုင် အထက်တန်း ကျောင်းပိုင်ရှင်ရဲ့ သားဖြစ်သူဟာ Grade 12 ကျောင်းသူ ကိုမုဒိမ်းကျင့်လိုက်မှုကြောင့် ရဲစခန်းမှာ အမှုဖွင့် ထားတဲ့အတွက် လတ်တလော ကျောင်းပိတ်ထားရတယ်လို့ တောင်ကြီးဒေသခံပြည်သူက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ဂါဇာငြိမ်းချမ်းရေးအဖွဲ့မှာ ပါဝင်မယ့် နိုင်ငံတွေအနေနဲ့ တစ်နိုင်ငံကို ဒေါ်လာ ၁ ဘီလီယံဆီပေးဖို့ အမေရိကန် သမ္မတထရန့်က တောင်းဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article