25 C
Yangon

ကနီမြို့နယ်၊ စိန်ကုန်းကျေးရွာနှင့် မင်းကုန်းကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်သဖြင့် ပြည်သူ ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၃

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ စိန်ကုန်းကျေးရွာနှင့် မင်းကုန်းကျေးရွာကို စစ်တပ်က လေ ကြောင်းတိုက်ခိုက်သဖြင့် ပြည်သူ ၁ ဦးသေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ ၆ နာရီကျော်အချိန် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကနီမြို့နယ်၊ စိန်ကုန်းကျေးရွာနှင့် မင်းကုန်းကျေးရွာသို့ Gyrocopter ဖြင့် ဗုံးများ ကျဲချသွားကြောင်း၊ ဗုံးကျဲချမှုကြောင့် စိန်ကုန်းကျေးရွာမှ အမျိုးသမီး ၁ ဦးသေဆုံးသွားကြောင်း သိရှိရသည်။

“စိန်ကုန်းရွာကို Gyrocopter နဲ့ ရွာအ‌‌ရှေ့ပိုင်း လူနေအိမ်ပေါ်ကို ဗုံးကျဲချတာ။ ဗုံး ၂ လုံးကျတယ်။ စိန်ကုန်းကျေးရွာမှာနေထိုင်တဲ့ အသက် ၃၇ နှစ်ခန့်အရွယ်အမျိုးသမီး ၁ ဦးသေဆုံးပါတယ်။ အသက် ၇၈ နှစ်ခန့်အရွယ် အဘွားအို ၁ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်။ မင်းကုန်းရွာကိုတော့ မနေ့ညနေ ၃ နာရီလောက်မှာ Gyrocopter နဲ့ပဲ ဗုံးကျဲတယ်။ အသက် ၇၁ နှစ်ခန့်အရွယ် အဘိုးအို ၁ ဦးလည်း ထိခိုက်ဒဏ်ရာရတယ်။ လူနေအိမ် ၃ လုံးပျက်စီးတယ်” ဟု ကနီမြို့မှ ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။

အလားတူ ဇန်နဝါရီလ ၁၅ရက်နေ့နှင့် ဇန်နဝါရီလ ၂၀ ရက်နေ့ကလည်း ကနီမြို့နယ်၊ ရှမ်းမြောင်းရွာသို့ စစ်တပ်က လေကြောင်းတိုက်ခိုက်သဖြင့် ဘုန်းတော်ကြီးကျောင်းများနှင့် လူနေအိမ်များ ပျက်စီးခဲ့ရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article