30 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၂၃ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အကြမ်းဖက်စစ်တပ်ရဲ့ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးဖို့ပျက်ကွက်ခဲ့တဲ့ ပြည်ပရောက် မြန်မာအလုပ်သမားတွေနဲ့ ပတ်သက်ကာ စိစစ်တင်းကျပ်မှုတွေ ပိုမိုလုပ်ဆောင်ဖို့ အလုပ်သမားဝန်ကြီး ဗိုလ်မှူးချုပ်ဟောင်းအောင်ကျော်ဟိုးက ညွှန်ကြားခဲ့တယ်လို့ နေပြည်တော်အလုပ်သမားဝန်ကြီးဌာန သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

အာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်က မြန်မာအရေးအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး မြန်မာစစ်တပ် မပါဝင်ဘဲ အရေးပါတဲ့နိုင်ငံရေးအဖွဲ့အစည်းတွေ တက်ရောက်ခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ တစ်နှစ်တာကာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်းက အရပ်သားပြည်သူ စုစုပေါင်း ၂,၃၂၆ ဦး သေဆုံးခဲ့ တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန် ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အမေရိကန်မှာ ဇန်နဝါရီလနောက်ဆုံးပတ်ကစပြီး ဆောင်းရာသီမုန်တိုင်းကြီးတစ်ခု ဝင်လာဖို့ရှိတယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေးနေပါတယ်။ ဒီမုန်တိုင်းကြောင့် ပြည်နယ် ၃၀ နီးပါးအထိ ထိခိုက်နိုင်ပြီး လူဦးရေ ၁၆၀ သန်းလောက်ကို သက်ရောက်မှုရှိနိုင်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article