25 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၂၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

–အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD အပြတ် အသတ် အနိုင်ရရှိခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကြံ့ဖွတ်ပါတီက လူထုနှင့်ကင်းကွဲခဲ့တာကြောင့် ရှုံးနိမ့်ခဲ့ရတာဖြစ်တယ်လို့ ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီက ဝန်ခံပြောဆိုလိုက်ပါတယ်။

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်မှာ ၁၀ ရက်တာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း အကြမ်းဖက် စစ်တပ်ဘက်က ၅၅ ယောက် သေဆုံးခဲ့ပြီး မဲစာရင်းတွေပါ မီးရှို့ရှင်းလင်းနိုင်ခဲ့တယ်လို့ ပြည်ခရိုင်တပ်ရင်း ၂ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့ပေါ်မှာရှိတဲ့ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားတဲ့နေရာတွေ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခံရတယ်လို့ ဒေသခံပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

အမေရိကန်မှာ ရွှေ့ပြောင်းအခြေချသူတွေနဲ့ ဒုက္ခသည်တွေကို နေ့စဉ်လိုလို အကြမ်းဖက်၊ မတရား ဆက်ဆံနေတာတွေ ရှိနေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး အကြီးအကဲက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article