25 C
Yangon

ပခုက္ကူတွင် စစ်တပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ဂန့်ဂေါမြို့ တွင်လည်း စစ် တပ်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲမှု ဒုရဲအုပ် ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၄

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာရှိ အကြမ်းဖက် စစ်တပ် ဂိတ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း COBRA ONE တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ ၆နာရီ ၁၀မိနစ်ခန့်အချိန် ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာစစ် တပ်ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ရှော့တိုက်ဒုံး ၄လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ စစ်တပ်ဂိတ်အနီးသို့ ၃ လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထိုနောက် ဇန်နဝါရီလ ၂၂ ရက်နေ့ ည ၈နာရီကျော်အချိန် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့်‌၁၀လုံးထက်မနည်းရမ်းသန်းပစ်ခတ်ခဲ့ကြောင်းသိရသည်။

“စစ်ခွေး အင်အားက ၅၀ ကျော်လောက်ရှိတယ်။ ဘန်ကာတွေ ဆက်သွယ်ရေးမြောင်းတွေက လည်းတော်တော်ခိုင်ခိုင်မာမာနဲ့တည်ဆောက်ထားတာ၊ ထိခိုက်တာကတော့သေချာပါတယ်။ ထိခိုက်မှုရှိလို့လည်း ညရောက်တော့လက်နက်ကြီးတွေနဲ့ ရမ်းသန်းပြီးပစ်ခတ်တာပါ။ သေဆုံးမှုကတော့အတည်မပြုနိုင်ပါဘူး။ ထိခိုက်မှုကတော့ရှိတာကတော့သေချာပါတယ်”ဟု COBRA ONE တပ်ဖွဲ့မှတာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို အောင်မြေပြောက်ကျားတပ်ဖွဲ့နှင့် ပကဖ-လက်နက်ကြီး-COBRAONE Pakokku တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း၊ ဂန့်ဂေါမြို့ ၊ ခလရ ၅၀ တပ်ရင်းအနီးရှိ စစ်တပ်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့မှု အတွင်း ဒုရဲအုပ်တစ်ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ် သတင်းဌာန ထံ သို့ ပြောကြားသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်ရင်းအနီးရှိ စစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ဂိတ်အတွင်းရှိ ဒုရဲအုပ်တစ်ဦး အပါအဝင် ရဲ ၂ ဦးနှင့် စစ်မှုထမ်းတပ်သား ၂ ဦး စုစုပေါင်း ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့ ထိခိုက် ဒဏ်ရာရရှိများအနက် ဒုရဲအုပ် ၁ ဦးမှာ ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက်န့က သေဆုံးသွားကြောင်း သိ ရသည်။

“ပြီးခဲ့တဲ့ ၁၂ ရက်နေ့က ခလရ ၅၀ တပ်ရင်းအနီး လမ်းဆုံမှာရှိတဲ့ ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲချတာမှာ ၄ ယောက် ဒဏ်ရာရတယ်၊ အဲဒီထဲကမှ ဒုရဲအုပ်တစ်ဦးက မနေ့က သေသွားတာ၊ အမည်တော့မသိရ သေးဘူး။ မနေ့ကပဲ မိုးကောင်းသင်္ချိုင်းမှာ နေ့ချင်းသဂြိုလ်လိုက်တယ်လို့ သိရပါ” ဟု ယောအလင်း တန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုသို့ တိုက်ခိုက်ခံရခြင်းမှာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကနေဒီတောင်တွင် ဒဏ်ရာအပြင်းအ ထန်ရရှိသွားသည့် ဗျူဟာမှူး လှမျိုးထွဋ်က ဂျန်ဘာအကောင်းများကို ယူဆောင်သွားပြီး မကောင်း သည့် ဂျန်ဘာများသာချန်ထားခဲ့သဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု သိရှိရသည်။

ဓာတ်ပုံ- တော်လှန်ရေးတပ်များ၏ တိုက်ခိုက်ရေးဒရုန်း ၁ စီး။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article